Sweet Night

1.4K 101 2
                                    

(Uni)

𝐒𝐰𝐞𝐞𝐭 𝐍𝐢𝐠𝐡𝐭 (𝐕𝐦𝐢𝐧 𝐨𝐧𝐞 𝐬𝐡𝐨𝐭)

ဒုန်းးး

စာရေးစားပွဲအရှေ့ ငိုက်မြည်းနေရင်းမှ ရုတ်တရက်နဖူးက စားပွဲနှင့်ဆောင့်မိတာမို့ Taehyungအတော်လေး အီသွားသည်။

"အား ကျွတ်..ကျွတ်..နာလိုက်တာကွာ..ဒီစာအုပ်တွေကလဲ မြင်တာနဲ့ကိုငိုက်တာပဲ"

ခိုက်မိသွားသောနဖူးအား လက်ဖြင့်ပွတ်ကာ ပြောနေရင်း အခန်းထောင့်လေးမှာထောင်ထားသော ဂစ်တာဆီသို့အကြည့်တို့ရောက်သွားခဲ့သည်။

Taehyungသည် သီချင်းဆို သီချင်းရေးနေရရင် ထမင်းမေ့ဟင်းမေ့ပဲ..။စာအုပ်မြင်တာနဲ့အိပ်ငိုက်တတ်သောသူသည် သီချင်းနှင့်ပက်သက်လျှင်တော့ ဘယ်တော့မှငြီးငွေ့သည်မရှိခဲ့ပါ..

အကြည့်တို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် ခြေလှမ်းတို့သည်လဲရွေ့ပြီးသား..

အခန်းထောင့်က ဂစ်တာအားဆွဲယူခဲ့ကာ ခုံတွင်ပြန်ထိုင်လိုက်ပြီး ခုနကဖွင့်ထားသော ကျောင်းစာအုပ်အစား အံဆွဲထဲမှ သီချင်းစာအုပ်သေးသေးလေးအား ဆွဲထုတ်ကာ စာမျက်နှာတစ်ချို့လှန်လိုက်သည်။

အရင်နေ့တွေက စာလုပ်ရပျင်းတိုင်း တစ်ကြောင်းချင်းစီအစပျိုးခဲ့သော သီချင်းတစ်ပုဒ်အား မြန်မြန်လက်စသတ်ရမည်လေ...အဲ့ဒါမှလဲ သူဖြစ်နေတဲ့ ခံစားချက်အမှန်ကိုသိမှာ...

"အရင်စမ်းကြည့်ဦးမယ်"

ပြီးထားခဲ့သော စာသားတစ်ချို့အား သံစဥ်ညှိကြည့်ရန် ဂစ်တာကြိုးများအား အသာကလေးကစားကြည့်သည်။

စိတ်လှုပ်ရှားနေတာကြောင့် ဂဂျိုးဂဂျောင်အသံတစ်ချို့ဦးစွာထွက်လာပေမယ့် ဖြည်းဖြည်းစီ အသံမှန်လာသည်ဟုဆိုရမည်။

ဘာရယ်ကြောင့်မှန်းမသိ ဒီသီချင်းကိုတစ်စုံတစ်ယောက်အတွက် ရည်ညွှန်းပြီးရေးခဲ့ချိန်ကတည်းက စိတ်လှုပ်ရှားနေခဲ့တာ အခုထိပဲ...

"𝐎𝐡 𝐦𝐲 𝐩𝐢𝐥𝐥𝐨𝐰.. 𝐂𝐚𝐧'𝐭 𝐠𝐞𝐭 𝐦𝐞 𝐭𝐢𝐫𝐞𝐝... "

လက်ကိုလဲ စည်းချက်မှန်မှန်လှုပ်ရှားနေရင်း စာအုပ်ပေါ်က စာသားတစ်ချို့အား ခပ်အေးအေးညည်းမိတော့ နောက်ထပ်ပေါ်လာခဲ့သော အတွေးတို့အား စာအုပ်ပေါ်ချရေးမိလျက်...။

@thv and @j.m's paradise(အပိုင်းအစလေးတွေ)Where stories live. Discover now