Happy New Year

532 64 2
                                    

(Unicode)

တိတ်ဆိတ်နေတဲ့အခန်းထဲ လွင့်ပျံ့နေသောသီချင်းတစ်ပုဒ်သည် အစအဆုံးအေးအေးချမ်းချမ်းလေးမို့ ငြိမ့်ငြိမ့်ကလေး....

"Just take it all..
I'm nothing without your love..'

"ဒေါက်ဒေါက်"

ဖုန်းထဲကပုံအဟောင်းလေးတွေအား ပြုံးပြုံးလေးပြန်ကြည့်နေကာ ပါးစပ်ကလည်းသီချင်းသံကိုခပ်တိုးတိုးလိုက်ဆိုနေရင်း တံခါးခေါက်သံကြားတော့ သီချင်းကိုတိခနဲပိတ်ချလိုက်ပုံသည် ဝင်လာမယ့်လူကိုမကြားစေချင်ဘူးထင်ပါသည်။သီချင်းပိုင်ရှင်ကိုစိတ်ဆိုးနေပြီး သူ့သီချင်းကိုတော့ခိုးနားထောင်နေတာ မသိစေချင်ဘူး

"Taehyung-ah..."

တံခါးလေးအသာဟကာ ခေါင်းလေးပြူလာသောသူသည် ဘယ်သူလဲပြေးမေးစရာမလိုအောင် သိပ်အသည်းယားစရာ သူ့ကလေးလေးပါပဲ

ဝတ်ထားတဲ့ပုံစံနဲ့ ဆောင်းထားတဲ့ဦးထုပ်အဝါခပ်ဝိုင်းဝိုင်းလေးဟာ လူကိုပြေးပြီးဖမ်းကိုက်လိုက်ချင်စရာပေမယ့် Taehyungကတော့ ချက်ချင်းမျက်နှာပြန်လွှဲကာ အလိုမကျဟန် ဆက်ထိုင်နေသည်။

"Tae...လို့"

အနက်ရောင်အိတ်ပိစိလေးအား ဘေးတစောင်းသိုင်းလွယ်ကာ ပြေးဝင်လာသူသည် အနားရောက်တော့ကိုယ်ရှိန်သတ်သွားကာ သူထိုင်နေသောခုတင်ပေါ် အသာလေးတက်ထိုင်သည်။

"ငါအကုန်ပြင်ဆင်ပြီးပြီလေ ဒီမှာ ဦးထုပ်လေးရောဆောင်းထားတယ် ငါကြည့်ကောင်းနေတယ်မလား"

ဖုန်းscreenပေါ်ကအကြည့်စူးစူးတို့သည် ရုတ်ချည်းသူ့ဆီရောက်လာတဲ့အခါ Jiminနည်းနည်းတော့တန့်သွားကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်...
Taehyungစိတ်မကြည်နေရင် ​တအားရှိန်ရတယ်။

"ကြည့်ကောင်းပါတယ်"

ဖြစ်သလိုပြန်ဖြေကာ ဖုန်းကိုသာသည်းကြီးမဲကြီးပြန်ကြည့်နေသူကြောင့် ပငိကိုယ်အကျင့်အရ နှုတ်ခမ်းလေးဆူထွက်လာချေပြီ

"ဒါပဲလား..."

"အင်း"

"Tae...မင်းငါ့ကိုမကြည့်ဘူး"

ကြာကြာလည်းလျစ်လျူရှုမထားနိုင်ပါဘူး။ကိစ္စတစ်ခုကြောင့် စိတ်ဆိုးပြနေတာ သူကပြန်ကောက်သွားရင် ဖြည်ရမှာက ကြိုးထုံးများစွာ....ဒီရစ်လုံးအကြောင်းသူမှမသိရင် ဘယ်သူသိမှာလဲ

@thv and @j.m's paradise(အပိုင်းအစလေးတွေ)Where stories live. Discover now