Love war(p-9)

493 32 0
                                    

အမှန်ကတော့ လျှိုဟိုင်က ဝမ်းရီစီကိုသွားတာအကြောင်းပြချက်ရှိတယ်

လျှိုဟိုင်တယောက် ဝမ်းရီရဲ့အိပ်​ဆောင်သို့ဝုန်း ဒိုင်းကျဲကာရောက်ချလာသည်

လျှိုဟိုင် '' ဝမ်းရီ.....

ဝမ်းရီ '' မင်းကြီး အထင်လွဲနေတာပါ ကျမရှင်းပြ ပါ့မယ်

လျှိုဟိုင်က အားမက်မင်ပြောပြလို့အကုန်သိပြီးနေပါပြီ

ဝမ်းရီကိုတွေ့တော့ ဝမ်းရီရဲ့လည်ပင်းကို လျှိုဟိုင်က အားပြင်းပြင်းနဲ့ညှစ်လိုက်တယ်

လျှိုဟိုင် '' သူ့ကိုလုံးဝမထိနဲ့လို့ ငါပြောထားတယ်မလား မင်းကသူ့ကိုကြာပွတ်နဲ့ရိုက်တယ်ပေါ့

ဝမ်းရီတစ်ယောက် အသက်ရှူတွေပါကြပ်လာကာ လျှိုဟိုင်ရဲ့လက်ကို အတင်းဖယ်ရန်ကြိုးစားသည် ဒါပေမဲ့ကြိုးစားသမျှအရာမထင်

ဝမ်းရီ '' မင်းကြီးကျမကိုလွှတ်....

လျှိုဟိုင် '' မင်းကိုငါအကြိမ်ကြိမ်သတိပေးတယ် မင်းကငါ့အမိန့်ကိုလွန်ဆံတာလား ဒါမှမဟုတ်

ဝမ်းရီ '' မင်းကြီး ကျမကိုအခုသတ်လိုက်ရင် မင်းကြီးကို ကျန်းကျင့်က ရွံမုန်းသွားလိမ့်မယ် မယုံဘူးမလား သတ်လိုက်ပါ ကျင်းမင်းသားက မင်းကြီးကို အော့နှလုံးနာသွားလိမ့်မယ် ဘာလို့လဲဆိုတော့ ကျမကြားတာက ကျင်းမင်းသားက လူသတ်တဲ့သူတွေကို အရမ်းမုန်းတယ်တဲ့

ဝမ်းရီရဲ့စကားကြောင့် လျှိုဟိုင်လဲ ဝမ်းရီရဲ့လည်ပင်းလွှတ်လိုက်ကာ ဒေါသတကြီးနှင့် ကျန်းကျင့်လေးစီပြန်လာခဲ့သည် အခန်းအပေါက်ဝရောက်မှ သူ့စိတ်ကိုတတ်နိုင်သလောက်လျှော့ချလိုက်ပြီး ပြုံးကာအိပ်​ဆေင်ထဲသို့ဝင်လာသည်

အားမင်မင် '' မင်းကြီး မင်းသားသတိရလာပြီ

ကျန်းကျင့်လေးကတော့ လျှိုဟိုင်ကိုကြည့်လဲမကြည် စကားလဲပြန်မပြော

အားမင်မင် '' ဒါပေမဲ့မင်းသားက သတိရလာထဲကတစ်မျိုးဖြစ်နေတယ်

လျှိုဟိုင်လဲစိတ်ပူကာ ကျန်းကျင့်လေးနားကပ်ထိုင်လိုက်ပြီး နှာဖူးလေးကိုလက်နဲ့ စမ်းတော့ ကျန်းကျင့်လေးက လျှိုဟိုင်ရဲ့လက်ကိုရိုက်ချလိုက်သည်

Love War(အချစ် စစ်ပွဲ)zhuliuhai Myanmar blWhere stories live. Discover now