အားမင်မင် '' တကယ်လား
အားမင်မင်လဲဝမ်းသာအားရနှင့် ကျင်းမင်းသား၏အိပ်ဆောင်ဘက်ကိုပြေးသွားလေသည်
လျှိုဟိုင် '' ငါသူ့ကိုပြောလိုက်တာက မနက်ဖြန်မှလို့ပြောလိုက်တာပါ
အားမင်မင်လဲ မနက်ဖြန်မှဆိုသည့်စကားကိုသတိရကာပြန်လှည့်လာသည်
အားမင်မင် '' ဟိုလေ...မနက်ဖြန်မှဆိုတာကိုမေ့သွားလို့ ဟီးအခုပဲကျမ ကျမရဲ့အိပ်ဆေက်ကိုပြန်သွားလိုက်ပါ့မယ်
လျှိုဟိုင်လဲသူ့အိပ်ဆောင်ကိုပြန်ကာရေချိုးပြီး ကိုယ်ဘက်သန့်စင်နေရင်း ကျန်းကျင့်လေးအကြောင်းပဲတွေးမိနေပြီး ကျန်းကျင့်လေးရဲ့ပုံရိပ်တွေကိုပဲ မြင်ယောင်နေတယ်
လျှိုဟိုင် '' ငါ့ကိုငါတောင်မယုံနိုင်ဘူး...သူ့ကိုချစ်မိလိမ့်မယ်လို့ထင်ကိုမထင်မိခဲ့တာအခုတော့ ငါသူ့ကိုချစ်မိပြီး သူ့အလှမှာကျရှုံးသွားခဲ့ရပြီ
နောက်နေ့မနက်တော့ လျှိုဟိုင်ဟာမနက်စာတောင်မစား ပြင်ဆင်ကာ ကျန်းျကင့်လေးအိပ်ဆောင်စီကိုလာခဲ့တယ်
ကျန်းကျင့်လေးရဲ့အိပ်ဆောင်အပေါင်ဝရောက်တော့ ပုံမှန်မဟုတ်တဲ့အသံတစ်ခုကို လျှိုဟိုင်ကြားလိုက်ရတယ်အားမင်မင် '' မင်းသားဒီလိုထိုးရမာလား
ကျန်းကျင့် '' အဲ့လိုမထိုးလို့ဘယ်လိုထိုးချင်တာလဲ ဒီအပေါက်လေးထဲ ဒါထိုးထည့်ရတာအဲ့လောက်တောင်ခက်နေလား
အားမင်မင် '' ကျမကတစ်ခါမှမှ မလုပ်ဖူးတာကို
ကျန်းကျင့် '' လာဒီဖက်တိုး
အားမင်မင် ''အား.....
လျှိုဟိုင်လဲပြာယာခက်ကာ အခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ ခုံပေါ်မှာထိုင်နေတဲ့ ကျန်းကျင့်လေးနဲ့ ခုံဘေးမှာထိုင်ကာ အပ်ထဲအိက်ချည်ထိုးထည့်နေသော အားမင်မင်ကိုမြင်လေသည်
ကျန်းကျင့် '' မင်းကြီး ဒီနေ့စောတယ်နော်
လျှိုဟိုင် '' ဘာတွေလုပ်နေကြတာလဲ
အားမင်မင် '' အာ ကျမ အပ်ထဲအပ်ချည်ဘယ်လိုထည့်ရလဲဆိုတာ သင်နေတာ
YOU ARE READING
Love War(အချစ် စစ်ပွဲ)zhuliuhai Myanmar bl
Roman d'amourzhuliuhai fic နန်းတွင်းအချစ်ဇာတ်လမ်းဖြစ်ပြီး တိုင်းပြည်နှစ်ခုက မင်းသား နဲ့ ဘုရင်ရဲ့ချစ်ဇာတ်လမ်း