🎶Every night in my dreams
I see you, I feel you🎶🎶That is how I know you go on
Far across the distance
And spaces between us🎶🎶You have come to show you go on🎶
🎶Near, far, wherever you are
I believe that the heart does go on🎶🎶Once more you open the door
And you're here in my heart
And my heart will go on and on🎶earphoneလေးကိုနားမှာတပ်ရင်း သီချင်းလေးနားထောင်ကာ Baekhyun ကားမှန်ကနေတစ်ဆင့် ခဏခဏပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်ကိုငေးနေမိသည်။အပြင်ကမိုးရွာနေတာကြောင့် မိုးစက်လေးတွေ တင်နေတဲ့ ကားမှန်လေးကို Baekhyun လက်သွယ်သွယ်လေးတွေနဲ့ ထိနေမိသည်။ အထဲကနေထိခြင်းဖြစ်တာကြောင့် မိုးစက်လေးတွေကBaekhyunလက်ကိုတော့ မဆိုပါ။
"ဖေဖေ သားမှန်တံခါးချချင်တယ်"
"မိုးရွာနေတယ်လေ သား ... မိုးမိရင် ထပ်ဖျားမယ်"
ကားမောင်းနေတဲ့အရှေ့က ဖခင်ဖြစ်သူအားBaekhyunပူဆာတော့ ဖေဖေ့ဘေးမှာ ထိုင်နေတဲ့မေမေကလှမ်းပြောတဲ့စကားကြောင့် Baekhyun မျက်နှာလေးညိုးသွားရင်း မိုးစက်ကလေးတွေကိုသာ ကြည့်ရင်း သီချင်းဆက်နားထောင်နေမိသည်။
ဒီသီချင်းလေးက Baekhyunရဲ့ favoriteသီချင်းလေးတစ်ခုဖြစ်သည်။ရိုးရိုးအေးအေးလေးနဲ့နားထောင်လို့ကောင်းတဲ့သီချင်းလေးကို Baekhyun အမြဲနားထောင်ဖြစ်သည်။ ဒီသီချင်းကို Baekhyun စသိရတာကတော့ Baekhyunငယ်ငယ်ကဖွားဖွားပြောပြဖူးတဲ့ ပုံပြင်ကြောင့် ပုံပြင်ရယ်လဲမဟုတ် ဖြစ်ရပ်မှန်တစ်ခုကြောင့်ပေါ့။Titanicဆိုတဲ့ ဇာတ်ကားအကြောင်းကို ဖွားဖွားပြောပြတုန်းက Baekhyun တကယ် စိတ်ဝင်စားခဲ့တယ်။ဒါပေမဲ့ တစ်ခုဘဲ မကြိုက်တာ နောက်ဆုံးမှာ မင်းသားကမင်းသမီးအတွက်ကိုအသက်ပေးသွားတာမျိုး။
Baekhyunအဲ့လိုချစ်ခြင်းကြီးကိုမကြိုက်ပါ။အဲ့လိုအသက်ပေးတဲ့အထိချစ်တာဟာအရူးအလုပ်လို့ထင်မိသည်။Baekhyunကိုက်သည်ကနောက်ဆုံး နှစ်ယောက်လုံးညားသွားပြီး ဟက်ပီးအန်းဒင်းလေးဖြစ်သွားသည်ကိုပင်။ပြီးတော့ အဲ့လို အသက်ပေးရလောက်တဲ့ထိ ချစ်ကြတယ်ဆိုတာ Baekhyun မယုံခဲ့။ဒီလောကမှာ ကိုယ့်အသက်ထက် တန်ဖိုးထားတဲ့အရာ ဘယ်သူ့ဆီမှာမှရှိကြမှာမဟုတ်သလို။Baekhyunကလဲ Baekhyunရဲ့ အသက်ကို ဘယ်သူ့အတွက်မှလဲ ပေးသွားမှာမဟုတ်ပါ။ဖွားဖွားကို အဲ့လိုပြောတိုင်း ဖွားဖွားကတော့ ရယ်လျက်Baekhyunခေါင်းလုံးလုံးလေးကို ပွတ်ပြီး ပြောတတ်သည်။
YOU ARE READING
Discovering Love in the Forest [Complete]
Short StoryChanyeolကပြန်မမွေးဖွားလားဘူးဆိုရင်တောင် ကျွန်တော်က Chanyeolကိုစောင့်နေမှာဘဲ .... -BBH- ကိုယ့်ရဲ့လွတ်မြောက်မှုက Baekhyunဘဲ .... -PCY- Chanyeolကပြန်မမွေးဖွားလားဘူးဆိုရင်တောင် ကျွန်တော်က Ch...