5 (Season-1)

273 65 9
                                    

"ကျွန်တော် Chanyeolကိုချစ်တယ်"

နောက်ဆုံးတော့သိလိုက်ရပြီ ... JackကRoseအတွက် ဘာကြောင့်အသက်စွန့်သွားတယ်ဆို ...

သူက သူမကို အရမ်းကို ... ချစ် ... လို့ ... ဘဲ !

ရုတ်တရပ်ဆန်စွာ ကြားလိုက်ရတဲ့ စကားကြောင့် Chanyeol အသက်ရှူဖို့တောင် မေ့ပြီး အံ့ဩနေမိသည် ။ ဒါနားကြားမှာတာလား?ဒါမဟုတ် Baekhyunဘဲသူ့ကို နောက်နေတာလားလို့ တွေးမိပါသော်လည်း တစ်ဖက်ကသူရဲ့ လေးနက်တဲ့အကြည့်တွေကြောင့် Chanyeol တကယ်ဖြစ်မှန် သိခဲ့ရသည် ။

"Chan ကျွန်တော် ပြောတာ သိတယ်မလား ၊ ကျွန်တော် Chanyeol ကို ချစ်တယ်လို့ ၊ဒါကြောင့်မို့ ..."

"မပြောနဲ့!"

Baekhyun စကားမဆုံးခင် Chanyeol မျက်လုံးစုံမှိတ်လျက် အော်ပစ်လိုက်သည်။ Chanyeol အော်သံကြောင့် Baekhyun မျက်လုံးလဲ ပြူးပြီး လန့်သွားခဲ့သည် ။

"Chan .. yeol..."

"မခေါ်နဲ့ ၊ ပါးစပ်ပိတ်ထား!"

"ဟင့်!"

Chanyeol , Baekhyunရဲ့ ပခုံးအားကိုင်၍ လှုပ်ခါကာ ပြောတော့ Baekhyun မျက်ရည်တွေဝဲလာပြီး မျက်နှာတွေပင် နီရဲလာသည်။

"chan~"

"ထွက်သွား!"

"မဟုတ် .."

"ထွက်သွားလို့ ငါပြောနေတယ်နော် Byun Baekhyun!"

မိမိအား သူစိမ်းဆန်စွာ ကြည့်လာသည့် Chanyeol , Baekhyun အံ့ဩမှုအပြည့်နဲ့ကော မျက်ရည်တွေဝဲပြီး Chanyeol အားစိုက်ကြည့်တော့ Chanyeol က ပခုံးကနေ ဆောင့်တွန်း၍ ထသွားခဲ့သည် ။ Baekhyunမှ ဆောင့်တွန်းခံလိုက်ရတာကြောင့် ဖင်ထိုင်လျက်လေးကျကာ နောက်ပြန်လက်ထောက်၍ ထိန်းလိုက်ရသည်။

"Chan ..."

Baekhyun, Chanyeolကို ထပ်ခေါ်ဖို့လုပ်တော့ မှောင်နေတဲ့ပတ်ဝန်းကျင်တွင် Baekhyun ရယ် သစ်ပင်တွေရယ်သာ ကျန်ရှိနေပြီး Chanyeolမှာတော့ ပျောက်သွားခဲ့သည် ။

"ဟင် ... ဘာလို့လဲ ... ဟင့် ... ဘာလို့ အခုလိုမျိုးလုပ်ရတာလဲ ... ဟင့် ... ဘာလို့လဲ"

Baekhyun ထောင်ထားတဲ့ ဒူးပေါ်သို့ မျက်နှာ အပ်၍ပင် တစ်ယောက်ထဲ ရေရွတ်နေကာ ငိုနေရသည်။

Discovering Love in the Forest [Complete]Donde viven las historias. Descúbrelo ahora