"ဆိုတော့ မင်းအိမ်ကနေခိုးထွက်လာတယ်ပေါ့"
မနေ့ကကိစ်စနဲ့ Chanyeolစိတ်ဆိုးမှာကြောက်တာရော ရှက်တာရော ရောယှက်နေတာမို့ Baekhyun , Chanyeolကို ခုချိန်ထိစေ့စေ့မကြည့်ရဲသေး ။
"အွန်းးး"
ခပ်ဖျော့ဖျော့ ပြန်ဖြေလာတဲ့ အသံလေးေြကာင့် Chanyeol သက်ပြင်းသဲ့သဲ့ချမိသွားသည် ။
စရောက်ကတည်းကChanyeolကိုကျောပေးလျက်ထိုင်နေပြီး Chanyeol ငါးခွန်းလောက်မေးရင် တစ်ခွန်းလောက်သာ ပြန်ဖြေတဲ့ Baekhyunကြောင့် အနည်းငယ် စိုးရိမ်မိသွားသေးသည် ။ ပြီးတော့ တနေကုန်လုံးလဲ လာမတွေ့တော့ Chanyeol စိတ်ပူစိတ်တို့က တရိပ်ရိပ်။"ဒါဆို ပြန်တော့"
မျက်နှာလေးတွေ့လိုက်ရပြီမို့ ကျေနပ်သွားတာကြောင့် ပြန်လွှတ်လိုက်တော့ Chanyeolဘက်ကို စူပုတ်ပုတ်မျက်နှာထားက ဒိုင်းကနဲ ။
"ဘာလဲ"
Chanyeol လေသံမာမာနဲ့ မေးလိုက်တော့ ဆူပုတ်ပုတ်ကနေ မျက်နှာငယ်လေးဖြစ်သွားသည် ။
ဟက်! ရုပ်ပြောင်းရုပ်လွှဲကတော့ Baekhyunတို့ အကျွမ်းကျင်ဆုံးအရာပါလား ...။
"ဘာလို့ပြန်လွှတ်ရတာလဲ၊ ကျွန်တော်က အိမ်ကနေတောင်ကြိုးစားပြီးခိုးထွက်လာတာလေ အဲ့တာကို Chanyeol က ကျွန်တော့်ကို ပြန်လွှတ်နေတယ်ပေါ့"
ဒေါသသံ စိတ်ဆိုးသံတို့ မပါပါဘဲ ပြောလာတဲ့ အသံလေးက တိုးဖျော့ဖျော့လေးနဲ့ ဝမ်းနည်းနေသည့်အသံ။ Chanyeol ကိုယ့်ကိုကိုယ်ပင် အပြစ်ရှိသလိုတောင် ခံစားမိသွားသည် ။
သို့ပေမဲ့လည်း Baekhyunကို ဆွဲထားလို့ မဖြစ် သူထွက်လာသာတာ မိဘတွေသိရင် စိတ်ပူမယ် ၊ပြီးရင်လိုက်ရှာမယ် ၊ ရွာတစ်ခုလုံးမှာရှာမတွေ့ရင် တောထဲလာရှာကကလိမ့်မယ် ၊ တောထဲလာရင် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်မယ် ။ အဲ့တာတွေ ကြိုသိနေတဲ့ Chanyeol က Baekhyun ကို အချိန်မီပြန်လွှတ်နေခြင်းဖြစ်သည် ။ အကယ်၍ သူ့မိဘတွေက တောထဲဝင်လာလို့ မိတ်ဆာတွေနဲ့ တွေ့ရင် သူအရင်လိုကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး ။ ဘာလို့ဆို သူကိုယ်ခန်ဓာက အရမ်းကို အင်အားနည်းနေပြီဖြစ်တာကြောင့်ပင် ။
YOU ARE READING
Discovering Love in the Forest [Complete]
Short StoryChanyeolကပြန်မမွေးဖွားလားဘူးဆိုရင်တောင် ကျွန်တော်က Chanyeolကိုစောင့်နေမှာဘဲ .... -BBH- ကိုယ့်ရဲ့လွတ်မြောက်မှုက Baekhyunဘဲ .... -PCY- Chanyeolကပြန်မမွေးဖွားလားဘူးဆိုရင်တောင် ကျွန်တော်က Ch...