အချစ်ရသ Part.4(U&Z)

127 16 2
                                    

ဒီလိုနဲ့Kitကိုကျွန်တော်မတွေ့ဖြစ်တာ၃ ၄ရက်မျှကြာသွားခဲ့သည်။တစ်နေ့ကျွန်တော်ကျောင်းကပြန်လာပြီးရေမိုးချိုးပြီးခြံထဲလမ်းဆင်းလျှောက်ရင်းတစ်ဖက်ခြံသို့မျက်လုံးအကြည့်ရောက်ခဲ့သည်။

Kitရဲ့ဦးလေးနဲ့အဒေါ်ဆိုသောဆွေမျိုးနှစ်ယောက် သစ်သာတိုင်ကြီးတစ်လုံးကိုမနိုင်မနင်းသယ်နေသည်က်ိုတွေ့ရသည်။

ကျွန်တော့်ကိုလည်းထိုလူကြီးမြင်သွားရော

"ကောင်လေး..ခဏလောက်လာကူပါလား"

အမျိုးသမီးကြီးကတော့တော့သစ်သားတိုင်ကိုမနိုင်တော့ဟန်ဖြင့်မြေပြင်ပေါ်သို့ထိုင်ချလိုက်တော့သည်။ကျွန်တော်ကလည်းလူကြီးတွေအကူအညီတောင်းခံမှုကိုမငြင်းလို၍အိမ်ရှေ့မှပတ်ကာတစ်ဖက်ခြံသို့ကူးသွားလိုက်သည်။

"အိမ်မှာ..မီးသွယ်ထားတဲ့ကြိုးကတဖြည်းညဖြည်းနိမ့်ကျနေလို့ဒီတိုင်ကြီးနဲ့ထောက်ထားမလာလို့ပါကွယ်..မင်းအဒေါ်ကလည်းခြေဆစ်လက်ဆစ်တွေမကောင်းတော့ မနိုင်မနင်းတွေဖြစ်နေတာ"

"ဟုတ်..ရပါတယ် ကျွန်တော်သယ်ပေးမယ်"

Singလည်းတိုင်ထောက်တာပိုအဆင်ပြေရန်ဝါးနှစ်လုံးကိုကတ်​ကျေးပုံပြုလုပ်ကာတိုင်ကိုပင်မကာထောက်ပေးလိုက်သည်။ထိုလူကြီးကတော့အောက်ခြေကထိန်းကိုင်ထားပေးသည်။

"ရလားဦးလေး..ဒီလောက်ဆို တော်တော်ခိုင်သွားပြီ.."

"အေးအေး...သားရယ်ကျေးဇူးပါကွယ်.."

နောက်ဆုံးတော့သစ်သားတိုင်ကြီးကိုအောင်မြင်စွာစိုက်ထူလို့ပြီးဆုံးသွားခဲ့သည်။

"ခင်ဗျား...ကျွန်တော့်ခြံထဲဘာလာလုပ်တာလဲ!!"

မာကျောလှသောအသံကြောင့်ကျွန်တော်လည်ပြန်လှည့်ကြည့်မိသွားသည်။ခြံထဲကကျောက်ခင်းထားသောလမ်းပေါ်တွင်ညအိပ်အက်ျီအဝါဝမ်းဆက်ဖြင့်ရပ်နေသောကောင်လေးကိုတွေ့လိုက်ရသည်။

ကျောက်ပြားပေါ်တွင်ဖိနပ်မစီးဘဲရပ်နေသောကြောင့်ခြေထောက်ဖြူလေးတွေကအေးကနီရဲ​ေနသည်။ခြေတစ်ဖက်ကပတ်တီးကတော့ထုံးစံကအတိုင်းပုံမကျပန်းမကျစည်းနှောင်
လျက်ပင်။

အချစ်ရသ(completed )Donde viven las historias. Descúbrelo ahora