သူ့ကိုကျနော်ပစ်ထားတယ်လို့ထင်နေကြတာလားကျနော်မပစ်ထားပါဘူး။
ကျနော်ကသူကိုမတွေ့ရရင်တောင်မနေနိုင်တဲ့သူပါဗျာ.....
ပြသနာဖြစ်ဖြစ်ခြင်းတုန်းကကျနော်ကိုသူဖုန်းဆက်တဲ့အချိန်ကျနော်ဖုန်းပြောနေခဲ့တာကျနော့်အရင်ကcrushကြီးနဲ့ပေါ့။
သူမကကျနော်ကျောင်းတတ်တုန်းကကြိုက်ခဲ့တဲ့တစ်ဦးတည်းသောကောင်မလေးလေ။
ကျနော်သူမကိုဖွင့်ပြောမဲ့အချိန်မှာပဲသူမကနိုင်ငံခြားကိုကျောင်းသွားတတ်ခဲ့တယ်။
သူမလည်းကျနော်သူမကိုကြိုက်နေတယ်ဆိုတာရိပ်မိတယ်ထင်ပါရဲ့ရိပ်မိလောက်မှာပါလေကျနော်အဲ့တုန်းကသူနဲ့တွေ့တိုင်းမဖုမ်းနိုင်မဖိနိုင်ကိုရင်တွေခုန်ခဲ့မိတာ။
ခုတော့ကျနော်သူမအပေါ်ဘာခံစားချက်မှမရှိတော့ပါဘူး။
ကျနော့်အချစ်ဆုံးKookieကိုတောင်ချစ်လို့မဝဖြစ်နေရတာ။
သူမကအခုပြန်လာေတာ့ကျနော့်ကုမ္မဏီမှာရှယ်ယာဝင်လိုက်တယ်အခုကျနော်တို့ကရိုးရိုးသားသားမိတ်ဆွေပါပဲပီးတော့အတူတူအလုပ်တွဲလုပ်ရမယ့်ပါတနာတွေပေါ့။
သူမကျနော့်ကိုဖုန်းဆကိတုန်းကဆိုလန့်တောင်လန့်တယ်ချစ်အသံကိုတောင်မမှတ်မိတော့ဘူးလားကိုကိုတဲ့.....သူမကစနေတာပါကျနော့်မှာတော်တော်ကိုလန့်သွားခဲ့တာ။
ကျနော်သူနဲ့ဖုန်းပြောပီးကြည့်လိုက်တော့Kookieဆီကဖုန်းခေါ်ထားတာတွေတွေ့တယ်အစကကျနော်ပြန်ခေါ်မလို့ပဲကျနော်ခနလောက်စိတ်ဆိုးပြချင်တာနဲ့မခေါ်ခဲ့ဘူး။
ကျနော့်ကလေးကအရမ်းဆိုးနေတာလေပီးတော့ကျတော့်ကိုလဲသူ့သူငယ်ချင်းလောက်တောင်မရေးမပေးဘူးဖြစ်သင့်လားဗျာ။
ကျနော်ဖုန်းပိတ်ခဲ့တယ်သူဆက်ခေါ်နေတာမြင်ရင်ကျနော်ကိုင်မိမှာသေချာတယ်အဲ့တာကြောင့်ပါ။ဒါပေမယ့်မနက်အစောကြီးထပီးကျနော်ကျနော့်Kookieလေးဆီသွားခဲ့တယ်။
ကျနော်သူ့ကိုအရမ်းလွမ်းနေပီဗျ။
ကျနော်လမ်းတလျှောက်လုံးရင်ခုန်နေခဲ့ရတာတစ်လပြည့်လေးကိုပျော်ပျော်မဖြတ်သန်းလိုက်ရတော့ပြန်ချော့ပီးပျော်ပျော်ရွှင်ရွှင်လေးပြန်နေမယ်ပေါ့။
ပီးတော့Kookieလဲကျနော့်ကိုလွမ်းနေလောက်ပီဆိုပီး။
ဟက်....ထင်ထားတာနဲ့တလွဲဆီပါဗျာ.....သူ့ရဲ့ချစ်သူငယ်ချင်းရင်ခွင်ထဲမှာမှီပီးပြုံးရွှင်နေလိုက်တာကျနော်တစ်ယောက်လုံးခြံရှေ့မှာရပ်နေတာကိုဒန်းပေါ်ကသူကမမြင်နိုင်လောက်တဲ့အထိကိုပျော်ရွှင်နေကြတာ။
ကျနော်အရမ်းမြတ်နိုးရတဲ့ယုန်သွားလေးတွေပေါ်အောင်ကလေးဆန်ဆန်တစ်ခစ်ခစ်ရယ်နေတဲ့ပုံလေးကတခြားသူရင်ခွင်ထဲမှာတခြားတစ်ယောက်ကြောင့်ပျော်ရွှင်နေရတာမြင်ရတာကျနော့်ရင်ကိုဓားနဲ့မွှန်းလိုက်သလိုပဲ.....
ကျနော်လှည့်ပြန်လာခဲ့တယ်Kookieကိုဒီထက်ပိုပီးအလျှော့မပေးနိုင်တော့ဘူးသူတော်တော်ဆိုးနေပီ။
ကျနော့်ကိုပစ်ထားနိုင်လောက်တဲ့အထိဆိုးနေပီဗျ။
ကျနော်သူကိုသွားမတွေ့တာတော်တော်ကြာနေပီကျနော်သူ့ကိုအရမ်းလွမ်းတယ်။
ကျနော်သူ့ကိုအရမ်းသွားတွေ့ချင်မိတယ်ဒါပေမဲ့ကျနော်သွားခဲ့ရင်အဲ့နေ့ကလိုမြင်ကွင်းကိုပြန်ရမှာကြောက်တယ်ကျနော်အရမ်းကြောက်တယ်။
သူ့တို့ကသူငယ်ချင်းတွေမို့နားလည်ပေးရမှာမှန်ပေမယ့်ကျနော်မလုပ်နိုင်ဘူး။
ကျနော်အတ္တကြီးမိတယ်သူကျနော့်တစ်ယောက်ထဲကိုပဲချစ်ရမယ်လို့....
YOU ARE READING
အချစ်တစ်ခုသာ........
Fanficဒီfic ကခုမှစရေးတာမို့အမှားများစွာရှိကောင်းရှိနိုင်ပါတယ်ficထဲမှာပါတဲ့အကြောင်းအရာတွေကိုfic အနေနဲ့သာမြင်ပေးဖို့တောင််းဆိုပါတယ်...... favourite ဖြစ်တဲ့အတွဲတွေကိုသာတွဲပေးထါးခြင်းဖြစ်တာမို့အမြင်မတူရင်အစကတည်းမဖတ်ကြပါနဲ့... 😘😘 ဒီfic ကိုကြိုက်တဲ့သူတွေဖတ်ပ...