"အားရှောင်နိုးရင်ထတော့....ဒေါက်တာကိုကိုကအလုပ်သွားရဦးမယ်...မင်းရောနဂါးပေါက်စလေးရောအိမ်မှာလိမ်လိမ်မာမာနေခဲ့...နေ့လည်စာပါတစ်ခါတည်းချက်ပေးခဲ့မယ်...နေ့လည်ခင်းရောက်ရင်ရေခဲသေတ္တာထဲကထုတ်စား...ဟုတ်ပြီလား"
"ဟုတ်ကဲ့"
"ဟိုတာလေ...ဒေါက်တာကိုကို....ကျွန်တော်ဗိုက်ဆာတယ်"
ဗိုက်ကလေးကိုင်ပြီးမျက်နှာလေးမဲ့ရွဲ့ကာပြောနေသောနဂါးပေါက်လေး
"မင်းကညတုန်းကဘာမှမစားဘဲအိပ်သွားတာကိုး"
"ဟုတ်တယ်"
"ငါးတွေပုစွန်တွေမရှိဘူးလား...စားစရာလေးဘာလေး"
"ငါးတွေပုစွန်တွေကရှိတယ်...ဒီမှာတော့မဟုတ်ဘူး...ဈေးဝယ်စင်တာနဲ့marketတွေမှာ...လောလောဆယ်တော့ကြက်ဥရယ်ပေါင်မုန့်ရယ်နွားနို့ရယ်ထောပတ်ရယ်ရှိတယ်
နွားနို့နဲ့ကြက်ဥထောပတ်သုတ်ကျွေးမယ်...အဲ့တာလေးအရင်စားထားနှင့်""အဲ့တာကအရသာရှိလို့လား...ကြားတောင်မကြားဖူးဘူး"
"စားကြည့်သိလိမ့်မယ်...ခဏလေးတော့စောင့်"
"ဟုတ်ဟုတ်"
စားပွဲမှာအဆင်သင့်ထိုင်စောင့်နေသောအားရှောင်နဲ့နဂါးပေါက်စလေး
ခပ်လှမ်းလှမ်းမီးဖိုချောင်မှာချက်ပြုတ်နေသောဆရာဝန်ရှောင်းကျန့်ခဏလောက်ကြာတော့
"ကဲစားလို့ရပြီ...မင်းတို့၂ယောက်ကနွားနို့သောက်ငါကကော်ဖီသောက်မယ်...ဟုတ်ပြီလား"
နဂါးပေါက်လေးရှောင်းကျန့်စားနေတဲ့အရာတွေကိုမျက်စပစ်ကြည့်မိသည်....သူနဲ့မတူညီမှန်းသတိထားမိသောကြောင့်
"ဟိုဒေါက်တာကိုကိုသောက်နေတဲ့ခွက်သေးသေးလေးထဲကဟာလေးနည်းနည်းလောက်မတိုက်ချင်ဘူးလား...မသောက်ဖူးလို့ပါနော်"
"မရဘူး...နဂါးပေါက်လေးကငယ်သေးတယ်...နွားနို့ဘဲသောက်...အသက်ကြီးလာရင်ဒါသောက်ရမယ်"
"အခုလည်းအသက်ကြီးသင့်သလောက်ကြီးနေပြီလေ...ဒေါက်တာကိုကိုကလည်းကပ်စေးနှဲလိုက်တာနည်းနည်းလေးဘဲဟာကို"
ESTÁS LEYENDO
𝐁𝐥𝐮𝐞 𝐃𝐫𝐚𝐠𝐨𝐧 𝐴𝑛𝑑 𝐃𝐨𝐜𝐭𝐨𝐫 𝐆𝐞𝐠𝐞
FanficDoctorကိုကိုနဲ့အပြာရောင်နဂါးပေါက်လေး ဘာမှဖော်ပြမနေတော့ဘူးသိချင်ရင်ဖတ်ကြည့်ကြ