အပိုင်း၂/အပိုင္း၂

774 78 2
                                    

Unicode

white ငါတို့အခု ဘယ်ရောက်နေတာလဲ ဘာလို့မှောင်နေတာလဲ

ဟုတ်ကဲ့ ကျွန်တော်တို့အခုရောက်နေတဲ့ကမ္ဘာကတော့ All world လို့ခေါ်ပါတယ်

All world

ဟုတ်ပါတယ် host

ငါ အဲကမ္ဘာကို တစ်ခါမှမကြားဖူးဘူး

ဟုတ်ကဲ့ အခုကမ္ဘာအကြောင်းကို ကျွန်တော်ရှင်းပြပါမယ် အခုကမ္ဘာမှာ ကျင့်ကြံသူမျိုးနွယ် ABOမျိုးနွယ် beast မျိုးနွယ် vampier,werewolf မျိုးနွယ် ဝိညာဥ်မျိုးနွယ် ဘုရင်မျိုးနွယ် မိစ္ဆာမျိုးနွယ် နတ်ဆိုးမျိုးနွယ် နဂါးဖီးနစ်မျိုးနွယ် magicမျိုးနွယ် နောက်ပြီး အပယ်ခံမျိုးနွယ်ဆိုပြီးရှိပါတယ် မျိုးနွယ်တိုင်းက ယင်နတ်ဘုရားနဲ့ ယန်နတ်ဘုရားမ ကို ကိုးကွယ်ကြပါတယ် နောက်ပြီး ဒီကမ္ဘာမှာ အဖိုယောကျာ်း အမယောကျာ်း အဖိုမိန်းမ အမမိန်းမ ဆိုပြီးတော့လည်းရှိပါတယ်

white ဒီကမ္ဘာကမျိုးနွယ်တွေက များလိုက်တာ ငါတောင်အတော်မှတ်နေရတယ် နောက်ပြီး အတော်လည်းထူးဆန်းတာပဲ အဖိုအမတွေကလည်း ယောကျာ်းကောမိန်းမကောလား ငါကဘာလို့မသိရတာလဲ

ဟုတ်ပါတယ် မျိုးနွယ်တွေက အတော်ကိုများပါတယ် hostကဝတ္ထုတွေမှမဖတ်တာ အဲတာမိုလို့မသိတာပါ(များမှာပေါ့ တစ်ခုတည်းကိုမရွေးဘဲနဲ့allကိုရွေးလိုက်တာကို နောက်ပြီး ဝတ္ထုတွေလည်းမဖတ်တဲ့လူကို hostတော်ထားတဲ့ ငါလေးကျွတ်ကျွတ် စိတ်မကောင်းတာကိုယ့်ကိုကိုယ် နောက်ပြီး သူရွေးချယ်တဲ့ကမ္ဘာနဲ့ ထပ်တူညီအောင် ငါမှာ ဖင်ပြဲမတတ် ရှာထားရတာ ရှာတဲ့အချိန် ဒင်းကအိပ်နေတယ်လေ ဟူး ဟူး ဟူး ခံလိုက် whiteရေ ချောတာလှတာကြိုက်တာကို)

white📣📣📣(ဒီ systemကလည်းခေါ်မကြားအော်မကြားနဲ့)

အင်း host

ဆက်ရှင်းပြဦးလေ

အော် ဟုတ်သားပဲ host ဝင်ရောက်ထားတဲ့ ခန္ဓာကိုယ်ကပိုင်ရှောင်လီပါ ပိုင်မိသားစုရဲ့ တရားဝင်သားပါ မူလပိုင်ရှင်က ပါရမီရှင်ပါ မူလကတော့ မိသားစုရဲ့ အလေးထားဆက်ဆံရပါတယ် ဒါပေမယ့် သူဟာအဆိပ်ခတ်ခံရပြီး သူ့ရဲ့
သိုင်းပညာတွေက ပျက်စီးခံခဲ့ရတဲ့နောက်မှာတော့သူကမိသားစုရဲ့ အပယ်ခံဘဝကိုရောက်သွားပါတယ်နောက်ပြီးသူဟာ မိသားစုရဲ့ယခုပါရမီရှင်ကိုစော်ကားပြောဆိုခဲ့တဲ့အတွက် သူ့ကိုနောက်ဆုံးမှာအပယ်ခံမျိုးနွယ်ကို ပို့လိုက်တာပါ အပယ်ခံမျိုးနွယ်မှာလည်းသူဟာအနှိပ်စက်ခံရပါတယ် အနှိပ်စက်ခံရတာလည်းပိုင်မိသားစုနဲ့မကင်းပါဘူး နောက်ပိုင်း သူသည်းမခံနိုင်တော့ အပယ်ခံမျိုးနွယ်ဆီက ထွက်ပြေးခဲ့သော်လည်း ပြန်မိပြီး အမှောင်ခန်းထဲမှာအချုပ်ခံထားရတဲ့အချိန် host ဝင်လာတာပါ နောက်ပြီး

Nga Lei Thi Uke LaWhere stories live. Discover now