အပိုင်း၇/အပိုင္း၇

548 61 7
                                    

Unicode

"အစ်ကိုချန် ကျွန်တော်တို့ဘယ်နားရောက်နေပြီးလဲ သိလား''

'အခု ကိုယ်တို့ သွားတာ တစ်ရက်ကြာပြီ ဆိုတော့ တော်တော်ဝေးဝေးကို ရောက်မှာ မဟုတ်လောက်သေးဘူး ခနလေးနော် အရှေ့ဘက်မှာတောအုပ်
ရှိတယ် အဲတာဆိုရင် ကိုယ်တို့နှစ်ရက်သုံးရက်လောက် ဆိုရင်ရောက်လောက်ပြီ ဒါပေမယ့် ပိုင် တောထဲရောက်ရင် ကိုယ်နားက မခွာနဲ့ သိလား ဒီတောထဲမှာ အန္တရယ် ရှိတဲ့ ကောင်တွေအများကြီးပဲ သိပြီလား ကိုယ်တို့အခုဖြတ်မယ့်တောကို ပြန်လမ်းမရှိတောလို့ခေါ်တယ် တောထဲမှာ ထူးဆန်းတဲ့အပင်တွေကော ထူးဆန်းတဲ့အကောင်တွေကော ရှိတယ် သိပြီလား'

"အဲတာဆိုရင် အဲတောထဲကဟာတွေကို ရောင်းစားလို့ကော ရလား''

'ပိုင်ကတော့လေ တွေးကိုတွေးတတ်တယ်
ကိုယ်မှာ ရွှေတုံးတွေအများကြီးပါပါတယ်'

"အဲတာက အစ်ကိုချန်ပိုင်တဲ့ ဟာတွေလေ
ကျွန်တော့်ဟာမှ မဟုတ်တဲ့ဟာကို ကျွန်တော်လည်း ပိုက်ဆံရှာချင်တာပေါ့လို့''

'ဟုတ်ပါပြီ ဟုတ်ပါပြီ တောထဲမှာ အကြာကြီး
နေရင် ဂိုဏ်းကို အချိန်မမီတော့ဘဲနေမှာပေါ့ နောက်တစ်ခါကျမှ ကိုယ်နဲ့အတူတူလာရှာကြမယ်လေ မဟုတ်ဘူးလား'

"အင်း အစ်ကိုချန်ပြောတာမှန်တယ် နောက်ကျမှပဲထပ်လာကြမယ်လေ"
[အခုတော့ ဘိုင့်ဘိုင်နော် ငါရဲ့ရတနာလေးတွေ နောက်ကျရင်တော့ ငါလာယူမှာမို့ ပျောက်မသွားနဲ့နော်]

*ငါ့ hostကလေ ကလေး​လေးကျနေတာပဲ
ကျွတ် ကျွတ်*

'လာ ကိုယ်တို့တောထဲဝင်တော့မှာဆိုတော့ကိုယ်အနားနေ ဟုတ်ပြီလား'

"ဟုတ်''

ခနအကြာ

"အစ်ကိုချန် တောကြီးက အုံ့မှိုင်းနေတာပဲ
ကြောက်စရာကြီး''

'အခုကျတော့ အဲလိုပြောပြီးပေါ့ ခုနတုန်းက
ဘယ်သူများပါလဲ တောထဲကဟာ ယူကြမယ်လို့​ပြောတာ'

'အဲတာက အစ်ကိုချန်ကလည်း ကျွန်တော်မှ
ဒီတောအကြောင်းကိုကောင်းကောင်းမှမသိတဲ့ဟာကို ဘာလဲ အစ်ကိုချန်က ဆူပူချင်နေတာလား'

Nga Lei Thi Uke LaTempat cerita menjadi hidup. Temukan sekarang