1

3.3K 193 23
                                    

"ဒါတွေကဘာအရသာတွေလဲ"

*မနက်စာဝိုင်းတွင်
ဒေါသဖြင့်အော်လိုက်သောမောင့်ကြောင့်
ကျွန်တော့်မှာပြာပြာသလဲလဲ*

"မောင်ဘာဖြစ်လို့လဲဟင်"

"‌အဒေါ်ကြီးဒီကော်ဖီကိုသောက်ကြည့်စမ်း။
ဘာအရသာမှလဲမရှိဘူး။ဒါကိုဘယ်သူ‌ေဖျာ်တာလဲ"

*ကျွန်တော့ရဲ့အမေးကိုတောင်ဂရုမစိုက်ဘဲအဒေါ်ကြီးကိုပြောဆိုနေသောမောင့်ကြောင့်ကျွန်တော်စိတ်မကောင်းဖြစ်ရပါသည်။ဒါပေမယ့်ကိုယ်ချစ်ရတဲ့သူမလား?*

"အဲ့ဒါ....ဟို....."

"မင်ဖျော်တာပါမောင်.....။မောင်ချောင်းဆိုးမှာစိုးလို့မင်....."

"ဘာ.....မင်းဖျော်တာဟုတ်လား......
ထွီ.....
မင်းရဲ့ညစ်ပတ်တဲ့လက်နဲ့ဖျော်တာကို
ငါ့ကိုဘာလို့လာတိုက်တာလဲ"

"မောင်....."

"မခေါ်နဲ့ပတ်ဂျီမင်း.......အဲ့ဒိနာမ်စားနဲ့
ငါ့ကိုဘယ်တော့မှလာမခေါ်နဲ့။
မင်းရဲ့ပါးစပ်ကထွက်လာတဲ့
စကားမှန်သမျှကိုငါမုန်းတယ်
ပြီးတော့မင်းကိုလဲ........"

*ကျွန်တော်ပြောတော့မယ့်စကားကိုဖြတ်ပြီးပြောလိုက်သောပတ်ဂျီမင်းကြောင့်ဒေါသများဟာထောင်းခနဲ*

"မောင်.....မင်တောင်းပန်ပါတယ်။
မောင်အခုဖျော်တဲ့ကော်ဖီမကြိုက်ရင်
မင်နောက်တစ်ခွက်ကောင်းကောင်းလေး
ဖျော်ပေးမယ်နော်"

*မင်
သိသည်။မောင်ပြောမယ့်စကားလုံးကိုမင်သိတယ်။မင်သိပေမယ့်မောင့်ပါးစပ်ကထွက်လာမယ့်အဲ့စကားလုံးအတွက်မင့်စိတ်တွေအသင့်မဖြစ်သေးဘူးမောင်ရယ်၊ဒါ‌့ကြောင့်အဲ့ဒိစကားကိုမပြောပါနဲ့*

"မင်းလူစကားနားမလည်ဘူးလား။
မင်းလက်နဲ့‌ထိထားတဲ့အရာမှန်သမျှကိုမုန်းတယ်။
မင်းငါ့အပေါ်ဂရုစိုက်နေတာကိုလဲငါမကြိုက်ဘူး။
အဲ့ဒိတော့ဒိထက်ပိုပြီးငါ့ကိုမတွယ်ကပ်ပါနဲ့တော့။
ငါပင်ပန်းနေပြီ။"

*ပင်ပန်းတယ်တဲ့လားမောင်ရယ်။
ပင်ပန်းရမယ့်သူကမင်ပါ။
မင့်အချစ်တွေကိုဥပက္ခာပြုနေတဲ့မောင့်ကြောင့်
ပင်ပန်းရတဲ့သူကမင်ပါ။*

ကျွန်တော့်ရဲ့အိန်ဂျယ်လေး💜Onde histórias criam vida. Descubra agora