ညဥ့္အလြန္ (ညဥ့်အလွန်)

149 19 2
                                    

<Unicode>

"ကော... ကျန့်ကော..."

လက်ထဲမှ စာရွက်ကို ပစ်ချကာ ကျွန်တော် တစ်အိမ်လုံးကို အရူးတစ်ယောက်သဖွယ် ရှာဖွေနေမိသည်။

"ကော... ကောရေ... ကော ဘယ်မှာလဲ... ကျန့်ကော... ကျွန်တော် ခေါ်နေတယ်လေ... ကော"

"ရိပေါ်... မင်း ဘာဖြစ်နေတာလဲ... မင်းကို မချစ်လို့ ပစ်သွားတဲ့သူကို ဒီလောက် မက်မောနေစရာ မလိုဘူး"

"မဟုတ်ဘူး... မဟုတ်ဘူး... ကော ဒီလိုမလုပ်ဘူး... ကျွန်တော်သိတယ်... ကောက ကျွန်တော့်ကို သိပ်ချစ်တာ... ဘယ်တော့မှ ပစ်သွားမှာမဟုတ်ဘူး... ကော..."

"ဒါဆို ဒီစာက ဘာလဲ... ဒီ လျော်ကြေးငွေတွေနဲ့ ကွာရှင်းစာချုပ်ကရော ဘာလဲ... ဟိုမိန်းမနဲ့ ရိုက်ထားတဲ့ ဒီ ဓာတ်ပုံတွေကရော ဘာလဲ... မင်းပြောလေ"

"ဟင့်အင်း... မဟုတ်ဘူး... ဒါ... ဒါ အတုတွေ... ကော ကျွန်တော့်ကို သက်သက် စနေတာ... ဟုတ်တယ်... ကောက ကျွန်တော့်ကို စနေကြ... ခုလဲ သူ စပြီး တစ်နေရာရာက ကြည့်နေမှာ... အဲ့လိုပဲ ဖြစ်မှာ"

💢ဝမ်ရိပေါ်... မင်း စိတ်ထိန်းစမ်း... ဒီလောက်ထိ မရူးစမ်းနဲ့... သူမရှိတော့ဘူး... ဟိုမိန်းမနောက် ကောက်ကောက်ပါအောင် လိုက်သွားပြီ... နားလည်လား...💢

"မပြောနဲ့... မယုံဘူး... ဟုတ်တယ် ကောမရှိရင် ကျွန်တော် ရူးမှာ... ဟင့်အင်း ရူးရုံတင်မကဘူး သေပါသေမှာ... ကောမရှိရင် ကျွန်တော် သေမှာ"

"မင်းကွာ..."

"ငါ ရှာမယ်... ကောကို တွေ့အောင်ရှာရမယ်... သူ... သူ ငါရှာတာကို စောင့်ချင် စောင့်နေမှာ"

"ဟာ... ဟေ့ကောင် ဘယ်သွားမလို့လဲ... မပြေးနဲ့ အန္တရာယ်များတယ်"

ကျွန်တော်၏ ခြေလှမ်းများက အိမ်အပြင် လမ်းမထက်မှသူ၏ အချစ်ဇောကို မမှီခဲ့...

"ရိပေါ် သတိထား... ရှေ့မှာ..."

"ကျွီ........... အားးးးး......."

.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
..

"အားးး..........."

ရိပေါ် ရုတ်တရက် ထထိုင်လိုက်ရင်း မိမိဘေးရှိ အိပ်နေသူကို အလန့်တကြား ရှာဖွေလှုပ်နှိုးမိသည်။

Yizhan တိုထြာ ( Yizhan တိုထွာ ) [ ZG + Uni ]Where stories live. Discover now