(Zawgyi)
" ဖြစ်ပါ့မလားဟ... "
" ဖြစ်ပါတယ်ဆို... မင်းပဲ အသစ်အဆန်းလေးတွေ စမ်းကြည့်ချင်တာဆို... အဲ့လိုလေးစမ်းကြည့်ပါလား "
" ဟုတ်တယ် ဟျောင့်... fighting!! "
" အရှုံးမရှိဘူး ငါ့ကောင်ရ... မရလည်းအရင်းအတိုင်းပဲကို "
မဟုတ်ကဟုတ်ကတွေလုပ်မယ်ဆို နှစ်ခါတိုင်ပင်စရာမလို အကြံကောင်းဥာဏ်ကောင်းတွေ ပေးတတ်တဲ့ သူငယ်ဂျင်းတွေ group chat ထဲကနေ သူထွက်လိုက်တယ်...
အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး ဟိုကောင်တွေပေးတဲ့ အကြံတွေကို ခွဲခြမ်းစိတ်ဖြာနေတာ ခေါင်းတွေတောင် ပူလာသလိုပင်။
ွရှုပ်တယ်ကွာ...ဘာပဲဖြစ်ဖြစ်... စမ်းကြည့်မယ်ကွာ
ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ အဝတ်ဗီဒိုထဲက တီရှပ်ခပ်ပွပွတစ်ထည်ကို ဒူးအထက်ဘောင်းဘီတိုနဲ့ တွဲဝတ်ပြီး အပြင်ထွက်လာလိုက်တယ်...
ဝရန်တာဘက်ကို မျက်နှာမူပြီး နေရာပေးထားတဲ့စာကြည့်စားပွဲမှာ ဦး က ပုံထိုင်ဆွဲနေတာမို့ သူ ခြေလှမ်းဖွဖွလေးလှမ်းပြီး ဦး အနားကို ရပ်လိုက်တော့ ဦး က သူ့ကိုမော့ကြည့်လာသည်။
သွားလေးအသာဖြီးပြရင်း ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ ထုတ်ပြတော့ ဦး က သူ့ကိုကြည့်ပြီး မျက်မှောင်ကြုံ့လာသည်။
" ဘာတွေမဟုတ်တာ လုပ်ပြန်ပြီလဲ ချာတိတ် "
" ဟာ... ဦးကလဲ ဘာကိုမဟုတ်တာလုပ်ရမှာလဲ "
" မသိဘူးလေ... မင်းလေး အဲ့လိုမျက်နှာချိုသွေးလာပြီဆို တစ်ခုခုပဲမဟုတ်ဘူးလား "
" အဟီး.. အဲ့လိုဖြစ်နေလား "
ပြောရင်းဆိုရင်း ဦး ပေါင်ပေါ်ဝင်ထိုင်လိုက်ပြီး ဦး ပခုံးကိုလက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်တော့ ဦး ကလည်း သူ့ခါးကို ဖွဖွလေးပြန်ဖက်လာတယ်... ပခုံးဖက်ထားတဲ့လက်တစ်ဖက်ကို ဦး ရင်ဘတ်ဆီ နေရာပြောင်းလိုက်ရင်း ဦး ကို တိုးတိုးလေး သူပြောလိုက်တယ်...
" ဦး... ကျွန်တော်တို့ လိပ်ပြာကြည့်ကြမလားဟင် "
ရှက်ရှက်နဲ့အရဲစွန့်ပြီး မေးလိုက်မိပေမယ့် ဦး ပြန်ပေးတဲ့အဖြေကြောင့် ရှက်စိတ်ကလေးတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်လို့သွားသည်။
ВЫ ЧИТАЕТЕ
One Shot Story