Chapter-1

4.3K 338 8
                                    

Unicode

ဟွာဆောင်းဆေးရုံ......

တိတ်ဆိတ်နေတဲ့ VIPခန်းထဲမှာ အိပ်ပျော်နေတဲ့လူနာတစ်ဦး.......

သူ့ဘေးမှာလည်း လူတစ်ယောက်ရှိနေခဲ့တယ်......

"မြန်မြန်နေကောင်းပါတော့ မောင်ရယ်..... hyung စိတ်ပူရတာ မောလှပြီ....."

​အိပ်တ၀က်၊ နိုးတ၀က်ဖြစ်နေတဲ့အချိန်မှာ
နားထဲကို တိုးဝင်လာတဲ့ လေသံတိုးတိုးလေး
ကြောင့် မျက်လုံးကိုကြိုးစားဖွင့်ကြည့်ပေမယ့်မျက်ခွံတွေက ဆေးအရှိန်​နဲ့လေးလံလွန်းနေတယ်.....

"မောင်သဘောကျတဲ့ ငွေဒင်္ဂါးပင်လေး ယူလာခဲ့တယ်.... အရာရာအတွက် hyung တောင်းပန်ပါတယ်.....ပြီးတော့
ချစ်တယ်......"

ပါးပြင်ကိုထိရင်းပြောလာတဲ့လူကြောင့်
ဂျောင်ဂုအသည်းထဲစိမ့်ခနဲအေးသွားတယ်။
ဒါသူ့ကို အရူးအမူးသဘောကျနေတဲ့ sasaeng fanတစ်ယောက်များလား....

အနားနားကိုတိုးကပ်လာတဲ့ ခြေသံအဆုံးမှာ Mentholရနံ့သင်းသင်းလေးက ဂျောင်ဂုနှာခေါင်းထဲကိုတိုး၀င်လာတယ်....

"hyungပြန်တော့မယ်နော်....."

နောက်တော့ ပါးပြင်ကနေ ခပ်နွေးနွေးထိတွေ့မှုတစ်ခုခံစားလိုက်ရပြီး ထိုလူကသူ့ကိုနှုတ်ဆက်စကားပြောကာ အခန်းအပြင်ကိုပြန်ထွက်သွားတော့တယ်.....

....................The Admirer.....................

"ဒီအခန်းထဲကို အပြင်လူဝင်လာတာတော့
မဖြစ်နိုင်ဘူးထင်တယ်နော် hyung......"

မနေ့ညက ညစာစားဖို့ခဏလေးပဲအပြင်ထွက်သွားတာကို အခန်းထဲလူစိမ်းဝင်လာပါတယ်ဆိုပြီး Jungkook hyungက ဗြောင်ဟွန်းကိုပြောနေတယ်......

"ငါက မဟုတ်ဘဲပြောမလား....သေချာပါတယ်ဆို......"

လုံခြုံရေးတင်းကျပ်တဲ့ ဟွာဆောင်းဆေးရုံရဲ့ VIP roomထဲကို ဘယ်ကလူစိမ်းကဝင်လာမှာလဲလို့မေးလိုက်ချင်ပေမယ့် စကားပြောနေရင်းဒေါသထွက်လာတဲ့ Jungkook hyungကြောင့် သူသက်ပြင်းချလိုက်မိတယ်..

"လုံခြုံရေးပိုတိုးပေးဖို့ ကျွန်တော်ဆေးရုံကို ပြောထားလိုက်မယ်လေ hyung......"

ဒီအခန်းတည်ရှိတဲ့ corridorတလျှောက်မှာရှိတဲ့ CCTVတွေကို အတွင်းသတင်းမပေါက်ကြားစေချင်တဲ့ရည်ရွယ်ချက်နဲ့ သူတို့ Angencyကပိတ်ခိုင်းထားတာကိုပဲ အခုအချိန်မှာအပြစ်တင်ရတော့မယ်......

The AdmirerWhere stories live. Discover now