Unicode
မနက်က Jungkook ဒါဏ်ရာအခြေအနေကိုစစ်ဆေးပြီးပြီဖြစ်ပေမယ့် ခေါင်းကိုက်နေတယ်လို့ပြောလာတာကြောင့် သူစိတ်ပူသွားပြီး VIP roomရှိတဲ့ တတိယထပ်ကို ချက်ချင်းပဲတက်လာခဲ့တယ်.....
အခန်းထဲကို မဝင်ခင် အပေါက်ဝမှာတော့ Jungkookရဲ့ မန်နေဂျာ ဗြောင်ဟွန်းဆိုတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်.....
"အခန်းထဲကို ကြွပါ......Dr......"
နောက်ကလိုက်မ၀င်လာဘဲ တံခါးပြန်ပိတ်သွားတာကြောင့်Jiminစိတ်ထဲ ထင့်သွားတယ်......
"ရောက်လာပြီလား....."
ကုတင်ပေါ်မှာလှဲနေတာမဟုတ်ဘဲ နောက်မှီပါတဲ့ထိုင်ခုံမှာ ခြေထောက်ချိတ်ထိုင်နေတဲ့ Jungkookက သူဝင်လာတာကိုမြင်တော့
လှည့်ကြည့်တယ်....."ဟုတ်ကဲ့.......ခေါင်းကိုက်တဲ့နေရာကို ကျွန်တော် စစ်ဆေးကြည့်ပါ့မယ်....."
မခံနိုင်လောက်အောင် ခေါင်းကိုက်တယ်ဆိုပြီး လာကြည့်ပေးဖို့ပြောပေမယ့် Jungkook ပုံစံက ဝေဒနာခံစားနေရပုံမပေါ်ပါ.....
"စစ်ဆေးတာနောက်မှလုပ်ပါ..... လောလောဆယ် ကျွန်တော်မေးတာကိုဖြေပေး......."
Jungkookစကားကြောင့် Jiminစိတ်ထဲတင်းခနဲဖြစ်သွားတယ်.....ဒါသူ့ကို မခန့်လေးစားပြုမူနေတာမဟုတ်လား....
"ကျွန်တော်တို့ အရင်ထဲက သိကြတယ်မဟုတ်လား...."
"အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စပြောလို့အဆင်မပြေပါဘူး.....ခေါင်းကိုက်တာကို ကြည့်မပေးရဘူးဆို ကျွန်တော်သွားပါတော့မယ်......"
Dr Jiminက သူ့အမေးကိုမဖြေဘဲ ထွက်သွားဖို့ပြင်နေတာကြောင့် ထိုင်ရာကထပြီး လက်ကိုလှမ်းဆွဲထားလိုက်တယ်....
"ခဏလောက်ထိုင်ပါဦး.....ကျွန်တော့်မှာ ပြောမှဖြစ်မယ့် ကိစ္စလေးရှိနေလို့ပါ...... ကိုယ်ရေးကိုယ်တာမပြောနဲ့ဆိုလည်း ရောဂါအကြောင်းပဲပြောပါ့မယ်....."
စိတ်လျှော့လိုက်ဟန်နဲ့ Dr Jiminက ခုံမှာဝင်ထိုင်တယ်....
"ကျွန်တော် တချို့ကိစ္စတွေကိုမမှတ်မိဘူးဖြစ်နေတယ်......"
အဆက်စပ်မရှိတဲ့ သူ့စကားကြောင့်
Dr Jiminမျက်နှာမှာအရိပ်တချို့ဖြတ်ပြေးသွားတယ်.....