Chapter-5

1.9K 281 5
                                    

Unicode

"hyung အခန်းကို ကျွန်တော်သဘောကျလိုက်တာ.....မြင်ကွင်းလည်းကောင်းတယ်....."

Verandahကနေအပြင်ဘက်ကို ကြည့်ရင်း Jungkookကပြောတယ်.....

"အိမ်မှာတော့ ဘာမှမရှိဘူး.....ရေပဲသောက်လိုက်နော်......"

"ဟုတ်ကဲ့ hyung....."

ခပ်တည်တည်နဲ့ ရေတစ်ခွက်ကို လက်ထဲ
ထည့်ပေးလာတဲ့ hyungက အိမ်လာတာကို ကြိုဆိုပုံမရှိပေမယ့် Jungkookကတော့
ဂရုမစိုက်နိုင်တာ......အကြောင်းပြချက်မပေးဘဲနဲ့တောင် သူhyungအိမ်ကိုရောက်လာခဲ့ပြီမဟုတ်လား.....

Jimin hyungနဲ့ သူ့ကြားမှာဘာတွေရှိခဲ့သလဲဆိုတာသိခွင့်ရဖို့ Jungkookမှာ အချိန်
မဆွဲနိုင်လောက်အောင်ဖြစ်နေတယ်လေ....

"ဒါနဲ့ hyung baby breathပန်းကို သဘောကျတာလား........"

သူ့စကားကြောင့် Jimin hyungက မျက်ခုံး
ပင့်တယ်....

"Verandahမှာ baby breathပန်းတွေစိုက်ထားတာတွေ့လို့ပါ......"

"baby breathက ကိုယ့်မွေးလပန်းလေ....."

သူ့ကိုမကြည့်ဘဲ ချိတ်ထားတဲ့ဒူးပေါ်တင်ထားတဲ့လက်ကို ငုံ့ကြည့်ပြီး hyungကပြောတယ်...

"ahhh......အဲ့လိုလား......"

ဘာအတွေးပေါက်သွားတယ်မသိ.... hyungကခေါင်းငုံ့နေရင်းက ယောင်ယောင်လေးပြုံးတယ်.....

"အင်း.....ယုံမလားတော့မသိဘူး..... Verandahမှာ Jungkookတွေ့ခဲ့တဲ့ baby breath ပန်းတွေအကုန်လုံးက လူတစ်ယောက်ထဲက ပေးထားတာ......"

စကားလုံးအသုံးအနှုန်းနဲ့ လေသံရယ်၊ အပြုအမူရယ်ကို ကြည့်ရုံနဲ့တင် အဲ့ဒီလူဟာ hyungအတွက်အရေးကြီးတယ်လို့ ခံစားလိုက်ရတော့ သူမျက်မှောင်ကျုံ့လိုက်မိတယ်......

ဘာလဲ....hyungမှာ ချစ်သူရှိနေတာလား.....

တစ်မိုးအောက်က Jeon Jungkookကို
မလိုလားသလိုဆက်ဆံတာ ဒါကြောင့်များလားလို့တွေးမိပြီး သူစိတ်တိုလာသလိုပဲ.....

ပြီးတော့ မမှတ်မိပေမယ့် သူသဘောကျဖူးတဲ့လူက သူ့အပေါ်နည်းနည်းလေးတောင်ခံစားချက်မရှိတာကိုလဲ ခံပြင်းတယ်.....

"ကျွန်တော့်အိမ်မှာ baby breathပန်းတွေအများကြီးပဲရှိတယ်.....နောက်တစ်ခါလာရင် hyungဖို့ ယူလာခဲ့မယ်......."

The AdmirerWhere stories live. Discover now