Uncover 14

2K 298 37
                                    

”ဆေးဘူးတွေ ကျွန်တော်သွားယူလိုက်မယ်
ဗြောင်က ငြိမ်ငြိမ်လေးနေ ”

မနက်လင်းထဲက တစ်ယောက်တည်းရှုတ်ရှပ်ခတ်နေတဲ့ ချန်းယောလ်ကြောင့် ဘတ်ဟျွန်းနှုတ်ခမ်းရွဲ့လိုက်မိသည်။

”ဟေ့ကောင်လေး အပိုတွေလုပ်မနေနဲ့
သူတို့သယ်ပြီးလို့ ကားထဲမှာနေရာတောင်ချပြီးပြီ”

ဘတ်ဟျွန်းဒီရောက်နေတဲ့ အကြောင်းအရင်းဖြစ်တဲ့ တိုင်းရင်းဆေးဘူးတွေကို ဒေါက်တာမင်စီမှာ သွားယူဖို့ပြင်နေတဲ့ ချန်းယောလ်က ရောက်နေရာမှာ ရပ်တန့်သွားပြီး ဘတ်ဟျွန်းဘက် ပြန်လှည့်လာသည်။ ကြည့်မရချင်စရာအပြုံးတွေနဲ့ ဘတ်ဟျွန်းကို မျက်နှာချိုသွေးကာ အနားရောက်လာသည်။

အိမ်ပေါက်ဝမှာတင် ခြေထောက်လေးချလို့ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ဘတ်ဟျွန်းက ဘေးကဖိနပ်ကို ဆွဲယူလို့ ဝတ်မယ်ပြင်တော့
ဖိနပ်ကိုဆွဲလုလာသူက ရှေ့တင် ဒူးတစ်ဖက်ထောက်ထိုင်ချပြီး ပေါင်ပေါ် ဘတ်ဟျွန်းခြေထောက်ကို တင်လာသည်။

”ငါ့ကို ဖားမနေစမ်းနဲ့....မင်းလုပ်ရပ်မင်းသိတယ်မလား ”

”အဟင်း ”

ဆန့်တန်းလာတဲ့ ခြေထောက်လေးက ဆတ်ခနဲပဲ ။ ခြေဖဝါးလေးကို ဆွဲယူကာ ခြေအိတ်ပါစွပ်ပေးရင်း ရှူးဖိနပ်ပါစီးပေးနေသည်။

”ဖြည်းဖြည်းပါဆို လူကို သေအောင်သတ်နေသလားပဲ ”

ခါးရိုးတစ်လျှောက်နာနေတဲ့ ဒဏ်ကို ကြိတ်ခံရင်း ငြိမ်ငြိမ်လေးထိုင်နေတဲ့ ဘတ်ဟျွန်းက စိတ်သွားတိုင်းကိုယ်မပါတဲ့အနေအထားမှာ....။

ခြေထောက်နှစ်ဖက်လုံးဖိနပ်စီးပေးပြီးနောက် ဘတ်ဟျွန်းဘေးဝင်ထိုင်လာသည်။ ထိုင်လိုက်လိုက်ချင်း ရင်ဘတ်ထက်ပစ်သွင်းခံလိုက်ရတဲ့လက်သီးအားက ပြင်းတာမလို့ အောင့်သွားပေမဲ့ ချန်းယောလ်သည်းခံရပါသည်။

”ကိုကိုကလည်း~~ ကျွန်တော်လည်း ထိန်းတာပဲကို ”

ပြောနေသူကပဲ အိုဗာတင်းပြောသလို ငယ်ကျသွားတဲ့မျက်နှာနဲ့ ချန်းယောလ်ဟာ တကယ်ငလည်ကောင်ကြီးမှန်း ဘတ်ဟျွန်းအခုမှသိသည်။

Uncover <Completed>Where stories live. Discover now