Description

90 1 0
                                    

(Unicode)
ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားဖြစ်တဲ့ကျွမ်းကျိူးရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာသူကကိုယ့်ကိုကိုယ်ယုံကြည်မှုကျေနပ်အားရမှု​တွေနဲ့ပြည့်နှက်​နေတယ်။
သူကအမှိုက်ပုံကြီးမှာအသုံးမြပု​တော့တဲ့ပစ္စည်းအစုတ်​တွေကိုစု​ဆောင်းနေတဲ့လူကိုမေးလိုက်တယ်။
“ငါ့ကိုကိုးကွယ်လိုက်....ငါမင်းကိုချမ်းသာ​အောင်လုပ်​ပေးမယ်”
အရပ်ရှည်ပြီး​တောင့်​တောင့်​ဖြောင့်​ဖြောင့်ရှိတဲ့လူကသူ့ကိုလုံးဝလျစ်လျူရှု့ပြီးပစ္စည်းအစုတွေကိုသာဆက်လက်စု​ဆောင်း​နေခဲ့တယ်။
သူ့ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့​နေ့မှာတင်အလုပ်မပြုတ်ချင်တဲ့ကျွမ်းကျိူးက ကြိုးကြိုးစားစားဆက်လက်စည်းရုံး​နေ​လေရဲ့။
“​ယောက်ျား​တွေကရည်မှန်းချက်မရှိလို့မဖြစ်ဘူး။မင်းတစ်သက်လုံးအမှိုက်ပုံမှာ အမှိုက်​ကောက်​နေလို့မရဘူး​လေ.....မဟုတ်ရင်အနာဂတ်မှာမင်းဇနီးတစ်ယောက်ကိုဘယ်လိုရှာမလဲ”
အင်ပါယာဗိုလ်ချူပ်ကြီးဝမ်​ရှောင်ယွမ်ကအင်းဆက်ဂြိုလ်သားဧကရီနဲ့အတူကိုယ့်ကိုကိုယ်​ဖောက်ခွဲဖျက်ဆီးပြစ်ခဲ့တယ်။ကံ​ကောင်းစွာဖြင့်အသက်ရှင်ခဲ့ပြီး ဟိုးအရင်အချိန်ကတည်းကစွန့်ပစ်ခံထားရတဲ့အမှိုက်ဂြိုလ်ကြီးဆီကို​ရောက်ရှိလာခဲ့တယ်။
သူ၏မဂ္ဂနဲ့ဆက်သွယ်​ရေး​ဒေတာကိုပြင်ဖို့အတွက် စွန့်ပစ်အမှိုက်ပုံဆီက ပြုပြင်ရမယ့်အစိတ်အပိုင်း​တွေကိုရှာ​ဖွေဖို့ပဲတတ်နိုင်ခဲ့တယ်။
အမှိုက်ဂြိုလ်ကြီးမှာ​နေရတဲ့​နေ့ရက်​တွေကရှည်လျားကြမ်းတမ်းလွန်းလှတယ်။ကံ​ကောင်းစွာဖြင့်သူ့ကိုအ​ဖော်ပြု​ပေး​နေတဲ့သူငယ်ချင်းတစ်​ယောက်ရှိတယ်။
“အင်း....ဒါ​ပေမဲ့သူငယ်ချင်း​လေးကနည်းနည်းရူး​နေတယ်။အဆင်​ပြေပါတယ်...သူအရမ်းချစ်စရာ​ကောင်းတယ်”
အင်ပါယာဗိုလ်ချူပ်ကြီးက သူ၏အိမ်ကို​အောင်နိုင်ခြင်း​တွေနဲ့အတူသူ၏အသည်းသက်ညှာ​လေးကိုပါ အင်ပါယာမြို့​တော်ဂြိုလ်ဆီသို့​ခေါ်​ဆောင်လာခဲ့ပြီးအာကာသကြယ်အစုအဝေးကြီးတစ်ခုလုံးရဲ့အာရုံစိုက်ခြင်ခံခဲ့ရတယ်။
သတင်း​ထောက်များ ::ဗိုလ်ချူပ်ကြီး..ခင်ပွန်း​တစ်​ယောက်အဖြစ်​ရွေးချယ်လိုက်ရခြင်းအ​ကြောင်းကို​ပြောပြ​ပေးနိုင်မလား။မစ္စတာကျွမ်းကျိုးကဗိုလ်ချူပ်ကြီးကိုဘယ်လိုများဆွဲ​ဆောင်ခဲ့တာလဲ”
တစ်ခဏ​လောက်စဉ်းစားပြီးတဲ့​နောက်မှာတော့ဗိုလ်ချူပ်ကြီးကပြန်​ဖြေလိုက်ပါတယ်။
“လူ​တွေကကျွန်​တော့်ရဲ့ဂုဏ်ပကာသန​တွေနဲ့အာဏာကိုကြည့်ပြီးနှစ်သက်ကြတယ်။သူတစ်​ယောက်ပဲကျွန်​တော်နဲ့အတူအမှိုက်​ကောက်ဖို့ဆန္ဒရှိခဲ့တယ်”
ကြယ်အစုအ​ဝေးကြီးတစ်ခုလုံး ::????
အဲ့ဒီ့အချိန်ချမ်းသာကြွယ်ဝခြင်းနတ်ဘုရား​လေးက​တော့သူ့ကိုယ်သူ့​ပွေ့ဖက်ပြီးတိတ်​လေးစဉ်းစား​နေတယ်။
“မဖြစ်ဘူး!!သူက​မြေကမ္ဘာကိုဆင်းသက်လာတဲ့အချိန်မထင်မှတ်ထားတဲ့တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာဖြစ်လိမ့်မယ်။အခု  သူစကြာဝဠာ​ခေတ်ကို​ရောက်​နေပြီ..!!!!!!

Worship Me,I Can Make You Rich(MM Translation)Where stories live. Discover now