(Unicode)
ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားဖြစ်တဲ့ကျွမ်းကျိူးရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာသူကကိုယ့်ကိုကိုယ်ယုံကြည်မှုကျေနပ်အားရမှုတွေနဲ့ပြည့်နှက်နေတယ်။
သူကအမှိုက်ပုံကြီးမှာအသုံးမြပုတော့တဲ့ပစ္စည်းအစုတ်တွေကိုစုဆောင်းနေတဲ့လူကိုမေးလိုက်တယ်။
“ငါ့ကိုကိုးကွယ်လိုက်....ငါမင်းကိုချမ်းသာအောင်လုပ်ပေးမယ်”
အရပ်ရှည်ပြီးတောင့်တောင့်ဖြောင့်ဖြောင့်ရှိတဲ့လူကသူ့ကိုလုံးဝလျစ်လျူရှု့ပြီးပစ္စည်းအစုတွေကိုသာဆက်လက်စုဆောင်းနေခဲ့တယ်။
သူ့ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာတင်အလုပ်မပြုတ်ချင်တဲ့ကျွမ်းကျိူးက ကြိုးကြိုးစားစားဆက်လက်စည်းရုံးနေလေရဲ့။
“ယောက်ျားတွေကရည်မှန်းချက်မရှိလို့မဖြစ်ဘူး။မင်းတစ်သက်လုံးအမှိုက်ပုံမှာ အမှိုက်ကောက်နေလို့မရဘူးလေ.....မဟုတ်ရင်အနာဂတ်မှာမင်းဇနီးတစ်ယောက်ကိုဘယ်လိုရှာမလဲ”
အင်ပါယာဗိုလ်ချူပ်ကြီးဝမ်ရှောင်ယွမ်ကအင်းဆက်ဂြိုလ်သားဧကရီနဲ့အတူကိုယ့်ကိုကိုယ်ဖောက်ခွဲဖျက်ဆီးပြစ်ခဲ့တယ်။ကံကောင်းစွာဖြင့်အသက်ရှင်ခဲ့ပြီး ဟိုးအရင်အချိန်ကတည်းကစွန့်ပစ်ခံထားရတဲ့အမှိုက်ဂြိုလ်ကြီးဆီကိုရောက်ရှိလာခဲ့တယ်။
သူ၏မဂ္ဂနဲ့ဆက်သွယ်ရေးဒေတာကိုပြင်ဖို့အတွက် စွန့်ပစ်အမှိုက်ပုံဆီက ပြုပြင်ရမယ့်အစိတ်အပိုင်းတွေကိုရှာဖွေဖို့ပဲတတ်နိုင်ခဲ့တယ်။
အမှိုက်ဂြိုလ်ကြီးမှာနေရတဲ့နေ့ရက်တွေကရှည်လျားကြမ်းတမ်းလွန်းလှတယ်။ကံကောင်းစွာဖြင့်သူ့ကိုအဖော်ပြုပေးနေတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။
“အင်း....ဒါပေမဲ့သူငယ်ချင်းလေးကနည်းနည်းရူးနေတယ်။အဆင်ပြေပါတယ်...သူအရမ်းချစ်စရာကောင်းတယ်”
အင်ပါယာဗိုလ်ချူပ်ကြီးက သူ၏အိမ်ကိုအောင်နိုင်ခြင်းတွေနဲ့အတူသူ၏အသည်းသက်ညှာလေးကိုပါ အင်ပါယာမြို့တော်ဂြိုလ်ဆီသို့ခေါ်ဆောင်လာခဲ့ပြီးအာကာသကြယ်အစုအဝေးကြီးတစ်ခုလုံးရဲ့အာရုံစိုက်ခြင်ခံခဲ့ရတယ်။
သတင်းထောက်များ ::ဗိုလ်ချူပ်ကြီး..ခင်ပွန်းတစ်ယောက်အဖြစ်ရွေးချယ်လိုက်ရခြင်းအကြောင်းကိုပြောပြပေးနိုင်မလား။မစ္စတာကျွမ်းကျိုးကဗိုလ်ချူပ်ကြီးကိုဘယ်လိုများဆွဲဆောင်ခဲ့တာလဲ”
တစ်ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ဗိုလ်ချူပ်ကြီးကပြန်ဖြေလိုက်ပါတယ်။
“လူတွေကကျွန်တော့်ရဲ့ဂုဏ်ပကာသနတွေနဲ့အာဏာကိုကြည့်ပြီးနှစ်သက်ကြတယ်။သူတစ်ယောက်ပဲကျွန်တော်နဲ့အတူအမှိုက်ကောက်ဖို့ဆန္ဒရှိခဲ့တယ်”
ကြယ်အစုအဝေးကြီးတစ်ခုလုံး ::????
အဲ့ဒီ့အချိန်ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားလေးကတော့သူ့ကိုယ်သူ့ပွေ့ဖက်ပြီးတိတ်လေးစဉ်းစားနေတယ်။
“မဖြစ်ဘူး!!သူကမြေကမ္ဘာကိုဆင်းသက်လာတဲ့အချိန်မထင်မှတ်ထားတဲ့တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာဖြစ်လိမ့်မယ်။အခု သူစကြာဝဠာခေတ်ကိုရောက်နေပြီ..!!!!!!
YOU ARE READING
Worship Me,I Can Make You Rich(MM Translation)
RomanceOriginal Author-Fly Far(向远飞) Original Novel-Worship Me, I can Make You Rich(拜我,我让你发财) Status-63 chapters+4 extras(completed) U can read this fiction in Novel Updates Website Note.This fiction is not written by me.I just want to translate this cause...