Chapter(1.1)

31 1 0
                                    

(Unicode)

Chapter(1)ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားဆင်းသက်လာခြင်းနှင့်​ပျောက်ဆုံးသွားခြင်း
​တောင်တစ်တောင်အမြင့်ရှိတယ်သည့်အမှိုက်ပုံကြီးရဲ့​ဘေးတွင် စိတ်မသက်မသာဖြစ်​နေပုံရတဲ့​ကောင်လေးတစ်ယောက်မတ်တပ်ရပ်​နေသည်။​ကောင်လေး၏အသက်က၁၇-၁၈နှစ်လောက်ရှိသည်။သူဝတ်ထားတဲ့​ပေါ့ပါး​တဲ့ဝတ်စုံ​လေးကသူ့ကိုပို၍ငယ်ရွယ်သွား​စေသည်။သွယ်လျပြီးလှပတဲ့မျက်နှာလေးကပန်းချီကားထဲမှထွက်လာသည့်အတိုင်းထင်မှတ်ရ​စေသည်။သူကအမှိုက်ဂြိုလ်​ပေါ်မှာထွက်ပေါ်လာတဲ့လူလို့မထင်ရ​လောက်​အောင်သန့်ရှင်း​နေ၏ ။လူငယ်​လေး၏မျက်လုံး​တွေကကြည်လင်ပြီးရှင်းသန့်​နေသည်။သူဟာတောက်ပစွာဖြင့်ဝမ်​ရှောင်ယွမ်ကိုကြည့်လိုက်သည်။
“ငါ့ကိုကိုးကွယ်ပါ....ငါမင်းကိုချမ်းသာ​အောင်လုပ်​ပေးမယ်”
ဝမ်ရှောင်ယွမ်ကတိတ်ဆိတ်စွာဖြင့်သူစု​ထားတဲ့ မဂ္ဂအစိတ်အပိုင်း​တွေကိုသိုလှောင်အိတ်ထဲထည့်ပြီးအမှိုက်ပုံကြီးထဲမှာဆက်လက်ရှာ​ဖွေ​နေခဲ့တယ်။​ကောင်ငယ်​လေးကမ​ရေမရာနဲ့မျက်​တောင်​လေးခပ်လိုက်ကာဆက်လက်စည်းရုံးလိုက်သည်။
“မင်းရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ မင်းကအရမ်းကံ​ကောင်းတဲ့လူဆိုတာ ငါသိလိုက်တယ်။မင်းလိုအပ်တာကငါ့ကိုကိုးကွယ်လိုက်ဖို့ပဲ။အခုချိန်ကစပြီးမင်းချမ်းသာလာလိမ့်မယ်”
ဝမ်​ရှောင်ယွမ်ကတိတ်ဆိတ်​နေတာ​ကြောင့်​ကောင်​လေးကဆက်လက်ပြီးအကြံပြုလိုက်ပါတယ်။
“​ယောက်ျားတစ်​ယောက်အ​နေနဲ့ ငါတို့ကရည်မှန်းချက်မရှိလို့မရဘူး။မင်းတစ်သက်လုံးအမှိုက်​ကောက်​နေလို့မဖြစ်ဘူး​လေ။မဟုတ်ရင်အနာဂတ်မှာမင်းဇနီးတစ်ယောက်ကိုဘယ်လိုရှာမလဲ။မင်းမိသားစုကို​ကောဘယ်လိုရှာ​ကျွေးမှာလဲ။”
​နောက်ဆုံးမှာ​တော့ဝမ်​ရှောင်ယွမ်ကလှုပ်ရှား​နေတာကိုရပ်တန့်လိုက်တယ်။သူကအ​နောက်ကိုလှည့်ပြီး​ကောင်​လေးကိုကြည့်လိုက်တယ်။သူက​ကောင်​လေးပါးစပ်ကထွက်လာတဲ့စကား​တွေကိုတစ်လုံးမှနားမလည်ဘူး။သို့​ပေမဲ့နူးညံ့သာယာတဲ့အသံ​လေးကသူ၏စိတ်ဝိညာဉ်ထဲ့သို့စီးဆင်းသွား​လေသည်။
ဝမ်​ရှောင်ယွမ်က​လေးနက်တည်ကြည်တဲ့အသံဖြင့်​ကောင်​လေးအား​မေးလိုက်သည်။
“မင်း...ဘယ်သူလဲ”
...................................................
“တီ...တီ....တီ”
စက်ရုပ်ငယ်​လေးရဲ့အသံက​လေထဲသို့ပြန့်နှံ့သွား​လေသည်။ပုံရိပ်ဖတ်(scanဖတ်)လိုက်တဲ့အသံကမိနစ်ပိုင်းမျှသာကြာလိုက်​ပေမဲ့ စိတ်စွမ်းအား SSS Levelရှိတဲ့ဝမ်ရှောင်ယွမ်၏နားထဲတွင်အကြိမ်များစွာကြားရ​စေသည်။အဲ့ဒီ့အသံက သူ့ကို အိမ်မက်ထဲမှ ရုတ်တရတ် နိုးထလာ​စေခဲ့သည်။
ဝမ်​ရှောင်ယွမ်သည်သူ့၏မျက်လုံးများကိုဖွင့်လိုက်သည်။စက်ရုပ်​ငယ်ကားသူ၏ညွှန်ကြားချက်ကို​စောင့်​နေ၏ ။သူသည် အရင်လိုချက်ချင်းမထ​သေးပဲ မျက်​မှောင်ကြုတ်လိုက်ကာ မ​နေ့ညကမက်ခဲ့​သောအိမ်မက်အ​ကြောင်းပြန်စဉ်းစား​နေသည်။သူကအိမ်မက် မက်ခဲသည်။အင်ပါယာရဲ့အသက်အငယ်ဆုံးဗိုလ်ချူပ်ကြီးအ​နေနဲ့​ရှေ့တန်းတွင် အင်းဆက်ဂြိုလ်သားမျိူးစိတ်​တွေနဲ့အမြဲစစ်ဖြစ်​နေရတာ​ကြောင့် သူ့တွင်အနားယူချိန်ကမရှိသ​လောက်နည်း၏ ။ဒါ့အပြင့်သူ့ရဲ့အိပ်ချိန်မှာ​တောင် စစ်ပွဲအတွက်ပြင်ဆင်ရတဲ့​နေ့ရှိ​သေး၏ ။
အင်းဆက်ဂြိုလ်သားဧကရီနဲ့စစ်ပွဲကြီးဆင်နွှဲပြီးတဲ့​နောက်​သေခြင်းတရားက​နေလွတ်​မြောက်လာကာ ဒီဂြိုလ်ကို​ရောက်လာပြီး ရလဒ်အ​နေနဲ့ အားလပ်ရက်​တွေ ရလာမယ်လို့ တစ်ခါမျှမ​တွေးခဲ့မိဘူး။အဲ့ဒီ့အပြင်ထူးဆန်းတဲ့​ကောင်​လေးတစ​ယောက်​အ​ကြောင်းပါ အိမ်မက်မက်လိုက်​သေးသည်။သူကကြည်လင်ရှင်းသန့်​နေတဲ့​ကောင်​လေးနဲ့သူနားမလည်တဲ့ဘာသာစကားအ​ကြောင်းကိုပြန်စဉ်းစားလိုက်သည်။အားလုံးကဒီဂြိုလ်ကြီးမှာရှိ​နေတာ​တွေနဲ့ ကွဲထွက်​နေ၏ ။အိမ်မက်ကလွဲပြီး တစ်ခြားဘာဖြစ်နိုင်ဉီးမှာလဲ။
ဝမ်​ရှောင်ယွမ်တစ်​ယောက်အချိန်ကုန်ခံပြီးစဉ်းစားမ​နေ​တော့ပဲ အ​ရေး​ပေါ်ယာဉ်​ငယ်​လေးက​နေ ဆင်းလာပြီး စက်ရုပ်ငယ်​လေးကို သူ့​ဘေးသို့ဆွဲယူလိုက်ပါတယ်။သူအ​ရေး​ပေါ်ယာဉ်က​နေဆင်းလိုက်တဲ့တစ်ခန ဝမ်​ရှောင်ယွမ်တစ်​ယောက် ထိန့်လန့်သွားပြီး သူ့ရဲ့တစ်ကိုယ်လုံးမှာရှိတဲ့ကြွက်သား​တွေက ချက်ချင်း​တောင့်တင်းသွား​လေသည်။မဲနက်ပြီး​လေးနက်​နေတဲ့မျက်လုံး​တွေနဲ့ ဝမ်​ရှောင်ယွမ်က သူ့​နောက်က​နေ​ပေါ်လာတဲ့လူကို မမှိတ်မသုန်စိုက်ကြည့်လိုက်သည်။
အဲ့ဒီ့တစ်ခန မ​နေ့ညကသူ့ရဲ့အိမ်မက်ထဲမှာ​ပေါ်လာတဲ့လူငယ်​လေးကအိမ်မက်ထဲကထွက်လာတဲ့အတိုင်း သူ့ရဲ့​ရှေ့မှာရပ်​နေသည်။ဒါ​ပေမဲ့ ဒါကအိမ်မက်မဟုတ်ဘူးဆိုတာ သူကျိန်း​သေသိတယ်။ဒါမှမဟုတ်အိမ်မက်ထဲကအိမ်မက်​တော့မဟုတ်​လောက်ဘူးမလား။သူကအိမ်မက်နဲ့လက်​တွေ့ကိုမခွဲခြားနိုင်စရာဘာအ​ကြောင်းမှမရှိဘူး။သူကSSS Level စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူတစ်​ယောက်။
ဝမ်​ရှောင်ယွမ်ကမျက်​မှောင်ကြုတ်လိုက်ပြီးတစ်ချက်မှအသံမထွက် မလှုပ်ရှားပဲ​လေးနက်စွာဖြင့်လူငယ်​လေးအားကြည့်လိုက်သည်။ကျွမ်းကျိူးကရှက်ရွံ့စွာဖြင့်သူ၏အဝတ်အနားသတ်များကို ဆွဲဆန့်လိုက်သည်။ထို့​နောက်သူသည် ဝမ်​ရှောင်ယွမ်ကို ဉီးစွာနှုတ်ဆက်လိုက်ပါသည်။
“Hello”

You've reached the end of published parts.

⏰ Last updated: Aug 26, 2021 ⏰

Add this story to your Library to get notified about new parts!

Worship Me,I Can Make You Rich(MM Translation)Where stories live. Discover now