Chapter - 1

60 3 3
                                    


ကောင်မလေး တစ်ယောက်ရဲ့ အမည်က Danniyallar  ၊ မျိုးရိုးနမည်က မရှိဘူး

အခုတော့ ခက်စဖစ် တိုင်းပြည်က ကုန်သည်ကြီး ဘာဂါ က သူ့သမီးအဖြစ်မွေးစားထားတယ်

တစ်အိမ်လုံးက မိမစစ်ဖမစစ် ကလေးလို့ခေါ်ကြတယ် အစေခံတွေ တောင်မှပေါ့ 

သမီးဆိုတဲ့ ဟာက အမည်ခံသက်သက်သာ ၊ အဲ့ကုန်သည်ကြီး အိမ်မှာတော့ Danniyallar က အစေခံတွေ ထက်ောတင် နိမ့်ကျ တယ် ။

သူမအိပ်ရာက အကျဉ်းထောင်နဲ့ မခြားမနားပဲ ကွာခြားတာဆိုလို့ သံတိုင်တွေပဲ မပါတာပေါ့

" Danniyallar !! "

" ဒီမှာရှိတယ် "

" နင့်ကို ငါ ဒီဝတ်စုံလျှော်ခိုင်းထားတယ်လေ  ငါအခုကပွဲသွားတော့မှာ နင်ဘယ်လိုလုပ်ပေးမှာလဲ ! "

" ကယ်လ်လီ နင့်မှာအင်္ကျီတွေ အများကြီး ရှိတယ်လေ အဲ့ထဲကပဲ ဝတ်လို့မရဘူးလား ငါ နေ့လည်တုန်းက ဝီလီ ခိုင်းတာလုပ်ပေးနေလို့ပါ "

ကယ်လ်လီဆိုတဲ့ ကောင်မလေးက Danniyallar နားကိုလာပြီး      ဖြောင်း !!

" စောက်ကျက်သရေ တုန်းတယ်   နင့်ပါးစပ်ကနေ ငါ့နမည်ထပ်ထွက်ရဲ့ ထွက်ကြည့်   နင့်ကို ခွေးစားကျွေးပစ်မယ် "

" ငါ .........  မနက်ဖြန်
လျှော်ထားပေးပါ့မယ်"

" အစေခံကအစေခံလိုနေ ကိုယ့်စောက်ဆင့် ကိုယ်သိ  "

Danniyallar ကတော့ ဘာမှမပြောနိုင်ပဲ ထိုင်ရက်နဲ့သာ ကျန်ခဲ့တယ်

( ဟက်  ငါစေတနာထားသမျှကို နင်တို့က ပြန်ကန်ထုတ်ပစ်တယ်   စေတနာဆိုတာမျိုးက နင်တို့နဲ့ မတန်ဘူး နင်တို့ဆီထားရမယ့် စေတနာကို ငါခွေးပဲ ကျွေးပစ်လိုက်မယ် )

နောက်နေ့ Danniyallar အဝတ်လျှော်နေတုန်းမှာပဲ တစ်အိမ်လုံး ရုတ်ရုတ်သဲသဲ တွေဖြစ်နေကြတယ်

Danniyallar က သူမနဲ့  ရွယ်တူကောင်မလေး တစ်ယောက်ကို လှမ်းဆွဲပြီးမေးလိုက်တယ်

" ဘာတွေ ဖြစ်နေတာလဲ "

" ပါလန်တိုင်းပြည်က ငါတို့ တိုင်းပြည်ကို စစ်လာတိုက်တာ ငါတို့ တိုင်းပြည်ရှုံးသွားလို့ ကုန်သည်ကြီးတို့က ထွက်ပြေးဖို့ ပြင်နေတာ နင်လဲ မြန်မြန်ပြင်တော့ ဘယ်အချိန် မြို့ထဲ လာမလဲ မသိဘူး ! "

The Only ( Z & U )Where stories live. Discover now