ဟိုလေ Gu ..
host of the best assassin လည်း ဆက်ရေးမှာပါနော် ဘယ်လိုရေးရမလဲ စဉ်းစားမရသေးလို့ပါ 😑
______________ပါလန် စစ်တပ်ရဲ့ စစ်သားအားလုံးက ဓားဆွဲထုတ်ပြီး ဘာဂါ အိမ်တော်မှာရှိတဲ့ လူတိုင်းရဲ့ လည်ပင်းမှာ ထောက်ထားကြတယ်
ဒုခေါင်းဆောင်က " သတ် " လို့ပြောလိုက်ပြီးတာနဲ့ အိမ်တော်က လူတွေအားလုံးရဲ့ ခေါင်းတွေ မြေခ သွားတယ်
Danniyallar က တော့ ခြွင်းချက်ပေါ့ ၊ Danniyallar ရဲ့ အဖေဆိုတဲ့သူက မြင်းပေါ်ကနေ ဆင်းလာပြီး
Danniyallar ရှေ့ရောက်တော့ မုဆိုးဒူးထောက်လိုက်တယ် ပြီးတော့
" ကိုယ့်နမည်က Robert ပါ ၊ သမီးရဲ့ daddy ပေါ့ "
" ကျွန်မရဲ့ daddy အဖြစ် ဦးလေးကြီးကို အသိအမှတ်ပြုရသေးလို့လား ? "
" daddy တောင်းပန်ပါတယ် သမီးကို ဒီအိမ်မှာ နေစေခဲ့တဲ့ အတွက် "
" ကျေးဇူး ကျွန်မခွင့်မလွှတ်နိုင်သေးဘူး "
" အင်းပါ အခုတော့ တိုင်းပြည်ကိုပြန်ကြရအောင် "
ဆိုကာ လက်ကမ်းပေးလိုက်တော့ Danniyallar က လည်းသူမလက်ကို ပြန်ဆန့်ထုတ်ပေးလိုက်တယ်
" သမီးလေး daddy နဲ့ အတူမြင်းစီးလို့ဖြစ်ပါ့မလား လှည်းပြင်ပေးရမလား "
" မလိုဘူး "
Danniyallar ပြန်ဖြေပြီးတော့ Robert က သူမကို မြင်းပေါ် တင်ပေးလိုက်တယ်
Robert ရှေ့မှာ Danniyallar ထိုင်ရတာပေါ့" ဝေးလား "
" ဟမ် ... ဘာကိုပြောတာလဲ သမီးလေး ."
" ......... "
တခဏ ကြာတော့မှ " အင်း...... သိပ်တော့မဝေးပါဘူး daddy တို့ နောက်နေ့ မနက်လောက်ဆို ရောက်လောက်ပါတယ် "
" အင်း "
ဒါနဲ့ပဲ ထိုသားအဖနှစ်ယောက် တစ်လမ်းလုံး စကားမပြောကြတော့ပဲ ပါလန်တိုင်းပြည် ရောက်ခါနီးမှာ ဒဲလ် ဆိုတဲ့ မြို့လေးကို ဖြတ်ကြတော့
အမျိုးမြင့်တဲ့ သူတွေက လှိုက်လှဲစွာ ကြိုဆိုကြတယ် ညနက်နေပြီဆိုတော့ ခရီးဆက်လို့လဲ မကောင်းတာကြောင့်
ဒဲလ် ဆိုတဲ့ မြို့လေးမှာပဲ တစ်ညနားရန် ဆုံးဖြတ်လိုက်ကြတယ်
YOU ARE READING
The Only ( Z & U )
Romanceအကုန်လုံးက ကျွန်တော့်ကို အမှိုက်သရိုက်လို့ပြောကြပြီး ကျွန်တော်ဒုက္ခရောက်နေတိုင်း ပေါ်လာပေးတဲ့ ကျွန်တော့်ရဲ့ နတ်သမီးလေးဖြစ်တဲ့ မမ မမက ကျွန်တော့်ပေါ်မှာဖြူစင်တဲ့မေတ္တာပဲ ရှိပေမဲ့ အဲ့ဖြူစင်မှု ကိုကျွန်တော် အရောင်ဆိုးခဲ့မိတယ် မမကိုစတွေ့ထဲက ကျွန်တော့်ဘဝရဲ့...