မာမီစကားကို ဒီတစ်ခါနားထောင်လိုက်တာ
မှန်တယ်ပြောရမယ်သိတယ်မလား ကျွန်တော်က ကျွန်တော်စတိုင်နဲ့
ကျွန်တော် နေတတ်တဲ့သူဆိုတာလေ
အဲ့တာကြောင့်လည်း မာမီနဲ့ အမြဲရန်ဖြစ်ရတယ်
ဒါပင်မဲ့ ဒီတစ်ခါတော့ မာမီ မာသား စကားနားထောင်ပြီး Sundayတိုင်း ဘုရားကျောင်းသွားရင်းနဲ့ သူကို ကျွန်တော်တွေ့ရှိခဲ့တယ်"အရင်တုန်းက ဘုရားကျောင်းလေးသွားဖို့ကို
ဖင်လေးနေတဲ့သူက ခုက ဘယ်လိုဖြစ်နေတာလဲ
တအားတက်ကြွနေပါလား Lee Taeyong""မသွားတုန်းကလည်း မသွားလို့ဆိုပြီးပြောတယ်
ခုသွားမယ်ဆိုတော့လည်း သွားလို့ဆိုပြီးပြောနေတယ် တကယ်ပါဘဲ မာမီကတော့ "မာမီရဲ့ကို ပြန်မပြောဘူးလို့ဆုံးဖြတ်ထားပင်မဲ့လည်း
ပြောမိခဲ့ပြီ"မာမီ သားသွားပြီ"
....................ဘုရားကျောင်းသွားရထက် သူနဲ့တွေ့ရမယ်ဆိုတော့
ပိုစိတ်လှုပ်ရှားနေမိတယ်သူနာမည်က "Ten"တဲ့
ကျွန်တော် အဲ့ဒီနေ့ကို ခုထိ မှတ်မိသေးတယ်
ဘုရားကျောင်းထဲ မဝင်ချင်တဲ့ ကျွန်တော်က
အပြင်မှာရပ်နေရင်းက သူကိုတွေ့ခဲ့တယ်ဘုရားကျောင်းလာဖို့ နောက်ကျနေတဲ့သူက
ပြေးလာပြီး ရပ်နေတဲ့ကျွန်တော်ကိုတောင် သတိမထားမိဘဲ ဘုရားကျောင်းထဲကို တန်းဝင်သွားတဲ့
ရေစိုနေတဲ့ဆံပင်လေး လက်နဲ့ခါနေရင်း ဝင်သွားတဲ့သူပေါ့အဲ့ဒီနေ့ကလည်း မိုးတွေရွာနေတယ်လေ
....................ဘုရားကျောင်းအပြင်ဘက်က ထိုင်ခုံမှာထိုင်နေရင်း
သူကို စောင့်နေပင်မဲ့ ဒီနေ့သူရောက်မလာဘူး"မဝင်သေးဘူးလား " ဖာသာရဲ့ အမေးကြောင့်
ကျွန်တော် မဝင်ချင်လည်း ဝင်ရတော့မယ်ဘာကိုမှ သိပ်ဂရုမစိုက်တဲ့ကျွန်တော်က
အရဲစွန့်ပြီး ဖာသာကိုမေးလိုက်တယ်"Ten ခုထိ မရောက်လာသေးတာ ဘာလို့လဲသိလား"
"သူ ဒီတစ်လလုံး ဘုရားကျောင်းမတတ်လောက်ဘူးထင်တယ် သူရဲ့ personal case ကြောင့်"