Ep(5)❤

2.7K 273 47
                                    

L''မာမီတို့ကို ပြောစရာရှိတယ်

ညစာစားနေချိန်တွင် လီလီပြောလိုက်တော့ မာမီနှင့်ပါး၏ အကြည့်နွေးနွေးတို့က လီလီ့ဆီနေရာရွှေ့ကာ ရောက်လာခဲ့ကြပါပြီ

K''ပြောလေ သမီးလေး

L''လီလီလေ ဒီနှစ်လည်း ပထမဆုရတယ် ဟိ လီလီတော်တယ်မလား

Y''တော်လိုက်တာ မာမီ့သမီးလေးက အားလုံးထဲမှာ မာမီ့သမီးလေးအတော်ဆုံး

L''ဟီး ဟီး

ထိုစဥ်မှာပင် ဧည့်ခန်းမှဖုန်းမြည်သံကိုကြားလိုက်ရလေသည်

K''နေနေ ကိုယ်သွားကိုင်လိုက်မယ်

ပြောပြီး ပါးက ထထွက်သွားခဲ့သည်

L''အဲ့တော့လေ လီလီ့ကိုကမ်းခြေလိုက်ပို့ပေးဖို့ပြင်ထားတော့

Y''ဟုတ်ပါပြီနော်

မာမီက လီလီ့ပါးလေးကို ဖွဖွဆွဲကာပြောလာခဲ့သည်


ပြုံးရွှင်ရယ်မောကာ စားလက်စ စားစရာများကိုဆက်စားနေစဥ်မှာပင်

K''တိုက်တိုက်ဆိုင်ဆိုင်ပဲ သမီးလေးဂျင်း ဖုန့်းဆက်တာလေ

ဂျင်း ဆိုသည့်အမည်နာမကြောင့် လီလီ့အကြားအာရုံများက ချက်ချင်းနိုးထသွားရတော့သည်

လီလီ့ရဲ့မဟာရန်သူတော်ပါလား ဘာဆက်ပြန်တာပါလိမ့်

Y''ဟုတ်လား ဘာတဲ့လဲဂျွန်

K''သမီးလေးကလည်း ပထမပဲတဲ့ တိုက်ဆိုင်တာနော် တစ်ရက်ထဲ သတင်းကောင်းနှစ်ခုကြားရတာပဲ

ပြုံးလျှက်ဆိုလာသူပါး၏မျက်နှာကို လီလီကြည့်နေမိသည်

ပြုံးနေလိုက်တာ ဘာလဲ ပါးရဲ့သမီးရင်း ပထမရတာကြောင့်မဟုတ်လား

မကြိုက် လီလီချစ်ခင်ရသူတွေက လီလီ့ထက်ပိုပြီးအခြားသူကို အရေးပေးတာကို လီလီလုံးဝမကြိုက်

မုန်းလိုက်တာ လီလီ့အပျော်တွေကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ထိုကောင်မလေးကို မုန်းလိုက်တာ








မနက်ခင်းနိုးထချိန်မှာ မေမေ့ကိုအာဘွားတစ်ချက်ပေးသည်

ပြီးနောက် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ကာ မေမေပြင်ပေးထားသည့်မနက်စာကိုစားသည်

🔥Beyond the realm of hatred🔥[Completed]Where stories live. Discover now