Ep(25)💛

2.5K 257 54
                                    


C''နင်ဘာလို့အဲ့လိုပြောလိုက်ရတာလဲလီလီ

L''ဘာကိုလဲ ငါပြောတာဘာမှားလို့လဲ

ချယ်ကခေါင်းကိုခါယမ်းကာ ဆက်မပြောတော့

ဟုတ်သည်လေ ဘာထွေထွေထူးထူးကိစ္စမို့လဲ

မရှင်းလို့နောက်ဆုံး လက်ထပ်လိုက်ရတော့လည်း ဘာအရေးတုန်း

လီဆာ့အတွက်နစ်နာမှုရှိလားမရှိလားသေချာမသိသော်လည်း လီဆာသိတာတစ်ခုတော့ရှိသည်

ထိုသည်ကား ဂျင်းနီတစ်ယောက် ယခုကိစ္စနှင့်ပတ်သက်၍ စိတ်ဆင်းရဲနေသည်

ထိုသည်ကပင် လီဆာဒီပြဿနာကို မဖြေရှင်းပေးရခြင်း၏ အကြောင်းရင်းပင်



Jisoo ရှေ့တွင်ထိုင်နေဆဲဖြစ်သည့်ဂျင်းနီဘေးအသာဝင်ထိုင်လိုက်သည်။

J''ဘာတဲ့လဲ

ဂျင်းက စိုးထိတ်နေသောအကြည့်ဖြင့်ကြည့်ကာမေးလာသည်

ပြီးနောက် ဂျင်းကကြမ်းပြင်ကိုငေးကြည့်နေလေပြန်သည်။

Jisoo သက်ပြင်းတစ်ချက်ချလိုက်ကာ

Ji''သူပြောလိုက်တာက သူ့အတွက်တော့ အဆင်ပြေတယ်တဲ့

ဂျင်းနီကခေါင်းငုံ့ထားရာမှ jisoo ကိုကြည့်လာသည်။

ပြီးနောက် ဘာမျှမပြော

Ji''နင် ဘယ်လိုလုပ်မလဲ

ပြန်မဖြေ

အတော်ကြာသည်အထိ စကားလည်းမပြောကြပဲ ထိုင်နေမိကြသည်

ဂျင်းနီကမတ်တပ်ထရပ်လိုက်သည်မို့

Ji''ဘယ်သွားမို့လဲဂျင်း

Ji''ဂျင်း ပြောအုံးလေ ဘယ်သွားမလို့လဲလို့

J''နားချင်လို့

ပြော၍ တစ်ရွေ့ရွေ့ထွက်ခွာသွားသောဂျင်းနီ၏ကျောပြင်ကိုကြည့်ကာ မသက်မသာသက်ပြင်းတစ်ခုချလိုက်မိပါတော့သည်။
.

.
.
.
.
.

မွန်ထယ်ဟီးသမီးဖြစ်သူအခန်းထဲဝင်လာတော့ အိပ်ရာထဲတွင်အိပ်နေသည်ကိုတွေ့ရရာ

"သမီး ဂျင်း နေမကောင်းဖြစ်နေတုန်းလား

မေး၍မေမေက ကိုယ်ပူလာစမ်းသည်

🔥Beyond the realm of hatred🔥[Completed]Where stories live. Discover now