1

943 51 10
                                    

နမည်ကြီးတက္ကသိုလ်ကျောင်းတစ်ခုတွင်ဖြစ်သည်။
မနက်အ‌စောပိုင်းဖြစ်တာကြောင့်ကျောင်းတော်ကြီး၌ကျောင်းသားကျောင်းသူတစ်ချို့သာရောက်ရှိကြသေးသည်။
‌ကျောင်းသား/သူအသီးသီးဟာသူငယ်ချင်းအဖွဲ့ကိုယ်စီနဲ့ပျော်ပါးကာသက်ဆိုင်ရာနေရာအသီးသီးသို့ရောက်နေကြပြီဖြစ်သော်လည်းသစ်ပင်ကြီးတစ်ခုအောက်တွင်ထိုင်ကာစာဖတ်နေသောကောင်လေးဟာတော့နာရီတွေကြာသည်အထိထိုအတိုင်းလေးမပြောင်းလဲပဲရှိနေလေသည်။အဖြူရောင်အကျ° ီလက်ရှည်ကိုတစ်ဝက်လောက်ထိခေါက်တင်ထားပြီးအနက်ရောင်pantတစ်ထည်ကိုသာဝတ်ဆင်ထားသော်လည်းသူဟာအများအမြင်တွင်အမြင်ရိုးပေမယ့်ကြည့်ကောင်းနေလေသည်။

သူစာဖတ်နေသောသစ်ပင်ကြီးရှေ့မှဖြတ်သွားဖြတ်လာလုပ်နေကြသောသူငယ်ချင်းအုပ်စုတွေကိုကြည့်ရင်းအားကျမိသောခံစားချက်‌ကလေးဖြစ်မိသော်ငြားလည်း
သူ့အတွက်တော့သူငယ်ချင်းဆိုတာမရှိ
ထိုသို့သောသူငယ်ချင်းများနှင့်အလေလိုက်နေရန်အချိန်လည်းမရှိ။
သူငယ်ချင်းလုပ်ဖို့လာနှုတ်ဆက်တဲ့သူတစ်ချို့ကိုကျေးဇူးတင်ကြောင်းသာပြောပြီးသူ့ဘာသူအေးအေးဆေးဆေးနေချင်ကြောင်းသူငယ်ချင်းမလိုသေးကြောင်းရှင်းပြခဲ့သော်လည်း
အများစုကတော့သူ့အားမာနကြီးသူဟုထင်သွားကြသည်ထင်ပါရဲ့။

တစ်ကယ်တော့ဘယ်သူကပဲအဲ့လိုထင်ထင်သူဂရုမစိုက်ကိုယ်ဖြစ်နေတာကိုယ်ပဲသိတယ်မဟုတ်ပါလား။
အီဆန်မြို့ငယ်လေးမှာနေထိုင်တဲ့သူတို့မိသားစုလေးဟာအေးအေးချမ်းချမ်းနေထိုင်ခဲ့ကြသည်မှာသူအထက်တန်းမပြီးခင်အထိသာ။
အထက်တန်းကျောင်းပြီးတဲ့ဆောင်းဦးရာသီမှာသူ့အဖေဟာခြံထွက်သီးနှံတွေကိုမြို့ပေါ်တက်ရောင်းရင်းကားအက်ဆီးဒင့်ကြောင့်ဆုံးပါးသွားခဲ့သည်။
တိုက်သွားခဲ့တဲ့သူကတော့သူ့အဖေအားလှည့်တောင်မကြည့်ဘဲတစ်ချိုးထဲမောင်းပြေးသွားသည်ဟုလမ်းcctvအရသိရသည်။
ထိုသို့တာဝန်မဲ့သောသူကိုသူသိပ်မုန်းပါသည်
ထိုလူ့အားကလဲ့စားချေဖို့ရာသူလိုက်ရှာခဲ့သော်လည်းထိုသူနှင့်ပက်သက်တာဆိုလို့လခြမ်းပုံလော့ကတ်တစ်ခုသာရခဲ့သည်။
ကြည့်ရတာကားပေါ်ကထွက်ကျခဲ့တာထင်သည်။

𝐬𝐚𝐦𝐞 𝐥𝐨𝐯𝐞, 𝐬𝐚𝐦𝐞 𝐤𝐢𝐬𝐬, 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐭𝐢𝐦𝐞𝐬Where stories live. Discover now