4

155 24 12
                                    

ကျောင်းအုပ်ရဲ့ရုံးခန်းထဲမှာ
တိတ်ဆိတ်စွာထိုင်နေကြတယ်လူတစ်ချို့
အပ်ကျသံတောင်မကြားရသော
ထိုအခန်းကျယ်ကြီး၌တိတ်ဆိတ်မှုကိုဖြိုခွင်းခဲ့သူကကျောင်းအုပ် ဟန်

"အဟမ်း...ကျတော်တို့စ‌ေဆွး‌ေနွးကြရအောင်"

ထို့နောက်အသံတိတ်ငိုကြွေးနေသော
ခပ်ချောချောအမျိုးသမီးတစ်ယောက်မှ
မျက်ရည်များရစ်သိုင်းနေသော
မျက်လုံးစူးစူးရဲရဲတို့ဖြင့်မော့ကြည့်လာသည်။

"တရားစွဲမှာပါ...ထောင်ချမှာပါ
ကျမသားလေးကိုသူကတွန်းချခဲ့တာမို့
ကျမသေချာပေါက်သူ့ကိုထောင်ထဲပို့မှာပါ"

"ဒီမှာမစ္စယန်း...ခများသားကသူ့ဘာသူ
ခုန်ချခဲ့တာပါလို့အကိုလေးကပြော‌တယ်လေ"

"အဟက်...သူခိုးကတော့ဘယ်လိုလုပ်
ခိုးပါတယ်လို့ပြောမလဲ
ကျမကတော့ဘယ်လိုပဲဖြစ်ဖြစ်လုံးဝမကျေနပ်နိုင်ပါဘူး"

"ကျတော်တို့ဘက်ကမစ္စယန်းတောင်းတဲ့
လျော်ကြေးငွေကိုပေးနိုင်ပါတယ်
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဒီလောက်ထိဖြစ်ဖို့
မလိုပါဘူး"

"ဘာ!!!ဘာမဟုတ်တဲ့ကိစ္စလေး...
ကျမသားလေးလေ...ကျမရဲ့သားလေးကသေသွားတာပါ...လူတစ်ယောက်လုံးသေသွားတာကိုရှင်တို့ကဘာမဟုတ်တဲ့ကိစ္စလေးလို့မြင်နေတာလား"

အချေအတင်ငြင်းခုံနေကြတာတွေကို
တခါးဝကနေနားထောင်နေတဲ့နမ်ဂျွန်းကတော့
ဘယ်လောက်ပဲဆော့ဂျင်မှန်တယ်ပဲဆိုဆို
လူတစ်ယောက်လုံးသေသွားတာကိုလျော်ကြေးပေးပါ့မယ်၊ဘာမဟုတ်တဲ့ကိစ္စလေးလို့ပြောတဲ့အချိန်မှာလူချမ်းသာတွေအားလုံးကဒီလိုတွေချည်းပါလားလို့လည်းတွေး‌ေနခဲ့တယ်...

"အကိုလေးကလူသတ်ခဲ့တာမဟုတ်ပါဘူး"

"Cctvမှတ်တမ်းလာပြရင်ယုံပေးမယ်"

"အာ...ကျောင်းခေါင်မိုးထပ်ရဲ့cctvကပျက်နေတာကြာပြီမို့မှတ်တမ်းတင်ထားတာရှိမယ်မထင်ဘူး"

ထိုစကားကိုကြားလိုက်ရစဉ်
ဆော့ဂျင်ဘက်ကပါလာသောသူက
ကျောင်းအုပ်အားပြဿနာရှာတော့သည်။

"ဒီမှာ...ခများတို့ကျောင်းကဒီလိုတာဝန်မယူတတ်တဲ့ကျောင်းမျိုးလား
CCTVတစ်လုံးပြင်တာဘယ်လောက်ကုန်ကျသွားမှမို့လို့လဲပြီးတော့ကျောင်းရန်ပုံငွေတွေကရော
ဘယ်ရောက်သွားတာလဲ"

𝐬𝐚𝐦𝐞 𝐥𝐨𝐯𝐞, 𝐬𝐚𝐦𝐞 𝐤𝐢𝐬𝐬, 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐭𝐢𝐦𝐞𝐬Where stories live. Discover now