ညဟာတဖြည်းဖြည်းမှောင်လာခဲ့ပေမယ့်
ထိုပါတီပွဲရဲ့ဧည့်ပရိတ်သတ်ကတော့လျော့မသွား။
အရင်ကတည်းကဒီလိုပွဲတွေတက်လေ့တက်ထ
မရှိသူမို့နေရခက်တာတော့အမှန်ပင်။
အစကဝတ်လာတဲ့suitsလေးကလည်းအခုမှ
စိတ်ကျဉ်းကျပ်လာသယောင်။
ဆော့ဂျင်ကလည်းခနကထိတော့အနားမှာရှိနေပေမယ့်ကောင်လေးတစ်ချို့ကခေါ်သွားတာကြောင့်အခုချိန်တော့သူတစ်ယောက်တည်းသာ။"ဟိုင်းးးးမင်းက....ဘယ်သူများလဲ
ကောင်ချောလေး...ဟင်းဟင်း"ထိုအမျိုးသမီးကလှသည်ဆိုတာထက်ပိုသော
အလှတရားမျိုးဖြင့်အမျိုးသမီးဟုသူထင်မိသည်
မူးနေတဲ့ပုံစံကတောင်မဟာဆန်နေတာမို့
သူခနငေးမိသည်ကိုဝန်ခံပေမယ့်
ထိုအမျိုးသမီးဟာသူ့အမေထက်ငယ်လျှင်တောင်
လေးငါးနှစ်ထက်မပိုနိုင်။
ထိုအမျိုးသမီးဟာဂုဏ်သရေရှိအမျိုးသမီး
ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်နမ်ဂျွန်ူလိုလူအတွက်တော့ထိုအမျိုးသမီးကိုဝင်လုံးဖို့လုံးဝစိတ်မဝင်စားတာကြောင့်သန့်စင်ခန်းဘက်ကိုသာထွက်ခဲ့လိုက်တယ်။
တခြားနေရာထပ်သွားရင်လည်းနောက်ကလိုက်နေမှာမို့အမျိုးသားသန့်စင်ခန်းထဲကိုသာဝင်သွားခဲ့ခြင်း။ဘုတ်.....အ့
ဪ...ဘယ်လိုတောင်ကံဆိုးမှုမျိုးပါလိမ့်
ဂင်နမ်ဂျွန်းရယ်
ဟိုအမျိုးသမီးကြီးကလာရစ်နေမှာစိုးလို့
ရှောင်ထွက်လာကာမှသန့်စင်ခန်းဝမှာလူတစ်ယောက်နဲ့ထပ်တိုက်မိရတယ်လို့။"တောင်းပန်ပါတယ်"
သူ၉၀°ခါးကိုင်းပြီးတောင်းပန်စကားဆိုလိုက်ပေမယ့်တစ်ဖက်လူကကျေနပ်ပုံမပေါ်။
သူ့အားပေစောင်းစောင်းပြန်ကြည့်နေသေးသည်။
တစ်ကယ်ဆိုဝိုက်မိတုန်းကသူ့ဘက်ကအမှား
တစ်ခုမှမပါခဲ့ပါ။
ထိုကောင်လေးဘက်ကသာသူ့အားအတင်းဝင်တိုးခြင်း။"မင်းနာသွားတဲ့နေရာရှိလားးး
ငါပြောတာကထိခိုက်သွားသေးလား""မရှိဘူးရတယ်
နောက်ဆိုရင်တော့ဂရုစိုက်ပေါ့ကိုယ့်လူ"သူ့ပခုံးကိုလက်ချောင်းသွယ်သွယ်တို့နဲ့
ပုတ်ပြီးထွက်သွားတဲ့ကောင်လေး။
အရပ်ကသူ့လောက်မရှည်ပေမယ့်အရပ်ရှည်တဲ့
ထဲတွင်တော့ပါသည်။
ခပ်ဩဩအသံနဲ့နှုတ်ခမ်းပါးပါးတို့ကလိုက်ဖက်နေပြီးအင်းးးးးအတိုချုံးပြောရရင်
ထိုကောင်လေးကကောင်ချောလေးတစ်ယောက်ပင်...။
YOU ARE READING
𝐬𝐚𝐦𝐞 𝐥𝐨𝐯𝐞, 𝐬𝐚𝐦𝐞 𝐤𝐢𝐬𝐬, 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐭𝐢𝐦𝐞𝐬
Teen FictionKɪᴍ NᴀᴍJᴏᴏɴ Kɪᴍ SᴇᴏᴋJɪɴ 'ᴷⁱᵐ ᴺᵒˡᵃⁿ'