love with slip

823 75 18
                                    

Unicode

Love with slip

သမီးရည်းစားပြသာနာတက်တာက
ဖြစ်လေ့ဖြစ်ထဆိုရင်တောင် အနဲနဲ့အများတော့ရိုက်ခတ်ခံရတာပတ်၀န်းကျင်ကတချို့သောသူတွေပင်ဖြစ်သည်။
ဆိုရသော် အတွဲများသည် ပတ်၀န်းကျင်အားအဆိပ်အတောက်ဖြစ်စေပြီး အချစ်သည်လည်း ထူးမခြားနားလူကိုအလွဲလွဲအချော်ချော်ဖြစ်စေတက်သည်။

"ကတောင်"

မနက်2နာရီကျော်နေသည့်တိုင် သူ့ဖုန်းကmessage boxက၀င်လာတဲ့စာတွေက ရပ်သွားခြင်းမရှိသလို သူလည်းအိပ်လို့မရသေး။

စိတ်ပျက်လက်ပျက်နဲ့စာကိုဖတ်ကြည့်တော့ တစ်ဖက်ကသူ့သူငယ်ချင်းက အကြောင်းအရာတူတဲ့စာတွေကို မတူညီတဲ့အရေးအသားနဲ့ပို့ထားတယ်။

📨 မင်းပဲစဉ်းစားကြည့်ကွာ.....📨

📨အေးပြတ်လိုက်တော့..........📨

📨.....အေး အေးမနက်မှပဲဆက်ပြောတော့မယ်နော် သားကြီး။📨

ခနလောက်တိတ်ဆိတ်ပြီးမှ သူစိတ်တိုနေမှန်းသိလို့ ရပ်သွားခြင်း။ ဒါတောင်သကောင့်သားကမနက်မှဆက်ပို့မည်တွေ ဘာတွေလုပ်သွားသေးသည်။

နောက်ဆုံးတော့ အနှောက်အယှက်ကင်းကင်းနဲ့ အိပ်ရတော့မည်ဟုတွေးကာ ဖုန်းကိုအိပ်ရာဘေးကစားပွဲပေါ်တင်ထားပြီး ခေါင်းအုံးနဲ့ခေါင်းထိရုံရှိသေး

"ကတောင်"

📨ဂျွန်‌ဒယ်Hyung ဟိုလူကြီးမီးစိမ်းနေသေးလား ကြည့်ပေးပါဦး။📨

Yarrrrrrrrrrrrrrrrrrrrr ငါ့ကိုစိတ်ဖြောင့်ဖြောင့်နဲ့ အိပ်ခွင့်ပေးကြပါဦး။ မင်းတို့ချင်းရန်ဖြစ်တာ ကြားထဲကငါကပါဘာလို့အိပ်ရေးလိုက်ပျက်နေရတာလဲ။

📨သေသွားပြီအဲ့ကောင်📨

သူ့သူငယ်ချင်းနဲ့ကြိုက်နေတဲ့သူ့ညီတစ်၀မ်းကွဲကို တိုတိုရှင်းရှင်းစာပြန်ပို့ပြီး ဖုန်းဆက်ပိတ်ကာအိပ်လိုက်တော့သည်။

ချန်ယောလ်ဆိုတဲ့သူ့သူငယ်ချင်းက သူ့ညီတစ်၀မ်းကွဲဂယောင်ဆူးနဲ့တွဲကတည်းက အနီးကပ်ဒင်းတို့ဒုက္ခခံရတာသူသာဖြစ်သည်။
ချန်ယောလ်ကလည်း ကြိုက်သာကြိုက်သည် လုပ်သမျှဆိုသည်မှာလည်း တစ်လွဲဖြစ်သည်။

One Short For Spring Donation (ChanSoo)Where stories live. Discover now