my lovely corporal

538 73 84
                                    

Unicode

ဟောခန်းလိုအခန်းကျယ်ကြီးထဲနှစ်ထပ်အိပ်ကုတင်ဆယ်လုံးလောက်ကမျက်နှာချင်းဆိုင် အနေအထားဖြင့်ရှိနေ‌ေလသည်။

မကြာအခန်းတံခါးပွင့်လာပြီး လူနှစ်‌ဆယ်လောက်တိုးကြိတ်၀င်လာလျက် အစောပိုင်းတင် ဗလာသက်သက်ဖြစ်ကာ တိတ်ဆိတ်နေသော အခန်းကျယ်က စကားပြောသံ ပစ္စည်းချသံတို့ဖြင့် ခနချင်းပင် ဆူညံ့သွားသည်။

ခရီးဆောင်အိတ်ကိုချလိုက်ပြီးတာနှင့် ချန်ယောလ်သူ့အရပ်နဲ့အတိအနေအထားဖြစ်နေတဲ့ အိပ်စင်ကုတင်ပေါ်ပြစ်လဲလိုက်သည်။ သူတို့တစ်ရက်လုံးနီးပါး ကားစီးထားရတာကြောင့် သူ့တစ်ကိုယ်လုံးကချွေးတွေနှင့်လုံးထွေးကာ ညစ်ပတ်နေလျက်။

လွတ်လပ်ပြီး စည်းမျဉ်းတွေနဲ့ဘောင်သတ်မနေတက်တဲ့သူက သူတို့နိုင်ငံဥပဒေအရ စစ်မှုထမ်းခြင်းကို ရှောင်ရှားချင်ခြင်းမရှိပေမဲ့ ကြိုက်နှစ်သက်လှတယ်လို့လဲမဟုတ်။

သူ့ရည်မှန်းချက်အတိုင်းဆို သူ့အလုပ်ဒီထက်ပိုအခြေကျလောက်တဲ့အချိန် နောက်နှစ်လောက်မှစစ်မှုထမ်းတာ၀န်ထမ်းဆောင်ဖို့ ရည်ရွယ်ထားပေမဲ့ ဆိုင်းမဆင့်ဗုံမဆင့်သူ့အိမ်ရဲ့ အိမ်ထောင်ပြုမေးမယ်ဆိုသော ခေါင်းစဉ်ကြောင့် မူလထက်စောစီးစွာစစ်ထဲ၀င်လိုက်ခြင်းဖြင့် သူ့အိမ်ရဲ့ဖိအားပေးမှုကိုအချိန်ခဏကြာ ရှောင်လွဲလိုက်သည်။

အမောပြေခနနားပြီးတော့ ရေချိုးချင်လာတာကြောင့် အခန်းထဲကထွက်ကာ အနီးအနားမှာ ရေချိုးဖို့နေရာရှိမရှိရှာလိုက်သည်။ သူတို့အဆောင်နှင့်ခပ်လှမ်းလှမ်းတွင်ရေ‌ချိုးဆောင်အမည်တပ်ထားတဲ့ အဆောင်တစ်ခုကိုတွေ့လိုက်သည်။

အိတ်ထဲကယူလာတဲ့ ရေချိုးခန်းသုံးအသုံးအဆောင်ပစ္စည်းတချို့ကိုယူပြီး ထိုအဆောင်ထဲ၀င်လိုက်သည်။ ရေချိုး‌ေဆာင်တွင်ဟောခန်းလိုခန်းမကျယ် 3ခန်းပါ၀င်ပြီး အခန်းတစ်ခန်းစီရှိ ဘယ်ညာအုတ်နံရံများတွင် ရေပိုက်ခေါင်းများတပ်ထားလျက်။

ရေပိုက်ခေါင်းတစ်ခုအောက်၀င်လိုက်ပြီး ရေဖွင့်လိုက်ကာ ပိုက်ခေါင်းကကျလာတဲ့အေးစက်စက်ရေတွေနဲ့ မျက်နှာသစ်လိုက်တော့မှ အနဲငယ်လန်းဆန်းလာ‌ေတာ့သည်။

One Short For Spring Donation (ChanSoo)Where stories live. Discover now