[Unicode]
သူငယ်ချင်းအတွက်လက်ဆောင်
လက်ဆောင်ဆိုတဲ့အသံ ကြားတာနဲ့ လူတိုင်းက စိတ်ဝင်စားကြတယ်၊သိချင်ကြတယ်။လက်ဆောင်ကို လူတိုင်းက နှစ်သက်သဘောကျကြတယ်။
သူငယ်ချင်း...မင်းလည်း လက်ဆောင်ရရင်ပျော်တယ်မဟုတ်လား ။ဘယ်လိုလက်ဆောင်မျိုးကို မင်းသဘောကျသလဲ။သေချာတာကတော့ မင်းသဘောကျတဲ့လက်ဆောင်လေးက မင်းကိုပျော်ရွှင်စေမယ့်အရာလေးပေါ့။
ငါလေ အမြဲတမ်း သူငယ်ချင်းတွေကို လက်ဆောင်ပေးလေ့ရှိတယ်။အဲ့ဒီလက်ဆောင်က ပိုက်ဆံနဲ့ ပေးဝယ်ရတာမျိုးမဟုတ်ဘူး။လဲလှယ်ပြီးမှ ယူရတဲ့အရာလည်း မဟုတ်ဘူး။မင်းအတွက် သီးသန့်ဖြစ်တည်ပေးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ်ရှိနေခြင်းပါပဲ။မင်းစိတ်ညစ်နေတဲ့အချိန် ပျော်ရွှင်မှုတွေယူဆောင်လာပေးပြီး မင်းဝမ်းနည်းနေတဲ့အချိန် အားပေးနှစ်သိမ့်မှုတွေ ယူဆောင်လာပေးတဲ့ တစ်ခုတည်းသော တန်ဖိုးမဖြတ်မရတဲ့ လက်ဆောင်လေးအဖြစ် ငါက မင်းအတွက် ရှိနေပေးပါ့မယ်။
ဒီလက်ဆောင်လေးကိုရရင် မင်းပျော်မယ်မဟုတ်လား။ငါက မင်းကိုပျော်ရွှင်မှုတွေပေးတဲ့ လက်ဆောင်လေးဖြစ်ပေးပါ့မယ်...ချစ်ရတဲ့သူငယ်ချင်း.....
[Zawgyi]
YOU ARE READING
ခံစားမှုတို့ဖြစ်တည်ရာ (ခံစားမႈတို႔ျဖစ္တည)
Random[Unicode] မျှော်လင့်ထားတဲ့အရာတွေက ကိုယ့်အတွက်တော့ဆူးတွေလိုပဲ နာကျင်ရပါတယ် မဖြစ်နိုင်တော့တဲ့အရာကိုမျှော်လင့်နေရတာထက် ဖြစ်နိုင်တဲ့အရာကိုသာ မျှော်လင့်သင့်သည်မဟုတ်ပါလား။ [Zawgyi]မျှော်လင့်ထားတဲ့အရာတွေက ကိုယ့်အတွက်တော့ဆူးတွေလိုပဲ နာကျင်ရပါတယ် မဖြစ်နိုင်ေ...