part (2)

441 72 10
                                    

နေ့လည်ထမင်းစားတော့
Lisa နဲ့ အတူ jennie ပါ ထမင်းအတူစားနေကြသည်။

"lisa ya ဒါလေးစားကြည့်"

Lisa တစ်ယောက် မျက်နှာကြီးရှုံ့မဲ့နေသည်
အနံကြီးက စူးစူးကြီးလေ
Jennie လာကျွေးတဲ့ ဟင်းကို လက်နဲ့ပုတ်ထုတ်လိုက်တယ်

"wae မကြိုက်ဘူးလား ကောင်းပါတယ် ငါ့ Omma က အမဲသားကို မွမွလေး ကြော်ပေးထားတာ"

ခေါင်းကို အတင်းခါကာ

"မကြိုက်ဘူး ငါမကြိုက်ဘူးလို့ ဖယ်လိုက် အဲ့တာကြီးကို ဖယ်လိုက် အဲ့ဟင်းကြီးကို ဖယ်ပေးလို့ "

Lisa အော် ငိုတော့

"Lisa ya မငိုနဲ့ ငါမကြွေးတော့ဘူးနော် ငါမစားတော့ဘူး မငိုနဲ့ နော် "

"ဖယ် အဲ့တာကြီးကို ဖယ် အနံ့ကြီးက စူးတယ်ဖယ်လိုက်လို့"

"အင်း အင်း ငါဖယ်လိုက်ပြီ မငိုနဲ့တော့ "

jennie သူ့ဟင်းကို ဖယ်ကာ သိမ်းလိုက်ပြီး Omma ထည့်ပေးလိုက်တဲ့ ပေါင်မုန့်ကိုသာ‌စားနေလိုက်သည်

"Lisa စားအုံးမလား ပေါင်မုန့် လေ "

"မစားဘူး"

"ဘာလို့လဲ "

"အဲ့ထဲမှာဘာတွေပါမှန်းမှမသိတာ အဲ့ထဲမှာ အဆိပ်တွေဘာတွေပါရင်ရော ငါသေမှပေါ့"

"ဘယ်လိုလုပ်ပါမှာလဲ ပါနေခဲ့ရင် ငါအခုချိန်‌သေ နေလောက်ပြီပေါ့ "

"ဟုတ်လို့လား"

"ဟုတ်တယ်လေ စားကြည့်မလား"

"အင်း နည်းနည်းလေးကျွေးကြည့် "

Jennie သူစားနေတဲ့ ပေါင်မုန့်လေးကို ဖဲ့ကာ lisaကို ပေး လိုက်တယ်

"ငါမကိုင်ချင်ဘူး ငါ့ကိုခွံ့ကျွေး"

"အာ...ပါးစပ်ဟလေ.."

"အာ...."

Lisa jennie ကျွေးတဲ့
ပေါင်မုန့်ကို အသာတကြည် လက်ခံ လိုက်တယ်

"ကောင်းလား "

"အင်း"

"စားအုံးမှာလား "

"အင်း အာ...."

Jennie ဆီက lisa ထပ်ပြီး ပေါင်မုန့်ကို စားဖို့မျှော်နေတယ်
Jennie လည်းပြုံးကာ လက်ထဲက ပေါင်မုန်ကို ဖဲ့ ရင်းကျွေးနေမိတယ်

Always have, always willWhere stories live. Discover now