At 8:11 AM"Jennie သမီးလေး "
"nae Omma "
"ကျောင်းမှာ စာကိုသေချာလိုက်လုပ်နော် "
"nae Omma သမီးက ကလေးမှမဟုတ်တော့တာ "
"အင်း သမီးလေးက လူကြီးဖြစ်လာပြီမို့လို့စိတ်မချတာ အထက်တန်းနောက်ဆုံးနှစ်ဆိုတော့ ဂရုစိုက်နော် "
"ဟုတ်ကဲ့ပါ Omma ကလည်း သမီးကျောင်းသွားတော့မယ် "
"အင်း ဂရုစိုက်သွားအုံး "
"nae Omma"
အိမ်ပြင်ကနေထွက်ပြီး ကျောင်းမသွားခင် lisa ဆီအရင်ဝင်လိုက်သည်။
တနေကုန်ကျောင်းမှာဘဲနေရတော့မှာလေ သူ့မျက်နှာလေးကိုတော့ မြင်ချင်သေးတယ်။"ဦးလေး lisa နိုးပြီလားဟင်"
"မနိုးသေးဘူးထင်တယ် သမီးရဲ့သွားကြည့်လိုက်လေ"
"nae ဦးလေး"
ဦးလေးကိုနှုတ်ဆက်ကာ lisa ဆီကို လာခဲ့လိုက်သည်။
ဒေါက်ဒေါက်ဒေါက်
"Lisa နိုးပြီလား"
အခန်း တံခါးလေးကိုအသာလေးဖွင့်ကာ lisa ရဲ့အိပ်ယာဘေးကိုသွား ကြည့်မိတော့ စောင်အောက်လေးထပ်က lisa က သေးသေးလေးလို
မျက်နှာမသစ် သွားမတိုက်ရသေးတဲ့ lisa ပုံစံလေးကချစ်ဖို့ကောင်းသည် ပြီးတော့ရှေ့က bang လေးကလည်း ကြို့တို့ကျဲတဲနဲ့ သူ့ရဲ့နှဖူးလေးက အထင်းသား"ချစ်စရာကြီး"
အခန်းကို ပြန်ကြည့်မိတယ်။ ဒီနေ့လည်း ရှင်းစရာဘာမှမရှိဘူးဘဲ။ကော်ဖီခွက်လည်းမတွေ့ဘူး။
Lisa မျက်နှာလေးကို ပြန်ကြည့်မိသည်။
သူ့ရဲ့ ဆံပင်ကြို့တို့ကျဲတဲနဲ့ နှဖူးလေးကို တစ်ချက် ပါး ဖောင်းဖောင်းလေးကိုတစ်ချက် နှစ်ခေါင်း ချွန်ချွန်လေးပေါ်ကိုတစ်ချက် နမ်းလိုက်သည်ပြီးတော့ ...ပြီးတော့ ...
ပြီးတော့ နှုတ်ခမ်းဖူးဖူးလေးတွေစီအကြည့်ရောက်တော့ လက်မနဲ့ အသာ ပွတ်သက်ကာ မနေနိုင် တော့ဘဲ
နှုတ်ခမ်း ဖူးဖူးလေးကိုတစ်ချက်။
သူဘဲ နမ်းပြီး သူဘဲရှက်နေရတဲ့အဆင့်
ပါးကြီးနှစ်ဖက်ဟာ ရှက်ပြီး တော့ ခရမ်းချဉ်သီးအတိုင်းရဲတက်သွားသည်။
YOU ARE READING
Always have, always will
Fanfiction~Whenever you need it I will always be by your side~