when I met you (Unicode)

1.8K 190 32
                                    

(၁)
ဘတ်ခ်ဟျွန်း အသက်(၁၆)နှစ်မှာ တစ်စုံတစ်ယောက်အတွက် တစ်ဖက်သတ်ချစ်ခြင်းတွေ စတင်ခဲ့တယ်။

ရူးနင့်စွာ...
မိုက်မဲစွာ...
နောင်တတရားကင်းမဲ့စွာနဲ့...။

နွေဦးရာသီရဲ့နံနက်ခင်းကောင်းကင်ဟာ ပြာလဲ့လဲ့။ ပြန့်ကျဲနေတဲ့တိမ်လိပ်တွေနဲ့ကောင်းကင်မှာ ငှက်ကလေးတွေ ပျံသန်းသွားသလို မြေပြင်မှာလည်း သွားလာလှုပ်ရှားနေကြတဲ့လူတွေရှိတယ်။ မြေအောက်ရထားက အချိန်မှန်ဆိုက်ရောက်လာပြီး ဘတ်စ်ကားကလည်း မှတ်တိုင်မှာ လာရပ်တယ်။

ဘတ်ခ်ဟျွန်းဟာ ကြည့်လိုက်ရတာနဲ့ဈေးကြီးတယ်လို့ထင်ရတဲ့ကားတစ်စီး‌ပေါ် အခန့်သားထိုင်စီးရင်း သူ့ရဲ့ကျောင်းအသစ်ဆီ လိုက်ပို့ခံနေရတာကလွဲရင် မနေ့ကနဲ့မကွာခြားတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်။

"ဟျွန်းနီး...ကျောင်းအသစ်မှာ သူငယ်ချင်းတွေနဲ့ တည့်အောင်နေနော်၊ အဆောင်မှာ အခန်းဖော်က မကောင်းဘူးဆိုရင် အမေတို့ကို ချက်ချင်းပြော..ကြားလား သား"

"ဟုတ်"

ဘတ်ခ်ဟျွန်းက ပြီးပြီးရော ပြန်‌ဖြေလိုက်တယ်။ တပ်ထားတဲ့နားကြပ်နှစ်ဖက်မှာ သီချင်းတွေအစား တစ်ဦးတည်းသောသားရဲ့အဆောင်နေရမယ့်နေ့ရက်တွေအတွက် သည်းသည်းလှုပ်ပူပင်နေတဲ့မိဘနှစ်ပါးရဲ့စကားတွေကိုပဲ ကြား‌နေရတယ်။

"တစ်ခုခုလိုအပ်ရင် မင်းဦးလေးကို ပြောနော်..သူ အဆင်ပြေအောင် လုပ်ပေးလိမ့်မယ်"

"အင်း"

တောင်ကိုရီးယားရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့ အစစအရာရာပြည့်စုံတဲ့အမျိုးသမီး။ တောင်ကိုရီးယားရဲ့အောင်ချက်အကောင်းဆုံးအထက်တန်းကျောင်းတွေထဲက တစ်ကျောင်းရဲ့ကျောင်းအုပ်ဖြစ်သူ ဦးလေးအရင်းခေါက်ခေါက်။ သိပ်ကိုကြီးမြတ်လွန်းပါတဲ့ နှစ်ဖက်အဘိုးအဘွား၊ ဆွေမျိုးသားချင်းများအကြောင်းတော့ ထည့်မပြောလိုတော့ဘူး။ ဘတ်ခ်ဟျွန်းဟာ ဒီလိုမျိုးမိသားစုမှာ မွေးဖွားလာခဲ့တဲ့ တစ်ဦးတည်းသောသား၊ မြေးဦးဖြစ်တယ်ဆိုတာလောက်ပဲ သိထားရင်ရပြီ။

"အထဲထိ လိုက်မပို့နဲ့တော့၊ သားဘာသာပဲ သွားလိုက်‌တော့မယ်"

I Found You at the age of 16Where stories live. Discover now