Episode - 17

701 93 0
                                    


Unicode


_ ဒီနေ့ဆေးရုံကဆင်းမဲ့နေ့ Hyungကသူညနေစောစောပြန်လာပြီး တူတူအိမ်ပြန်မယ်လို့ပြောထားလို့စောင့်နေတာ လာခေါ်မယ်လို့ပြောထားတဲ့အချိန်တောင်ကျော်နေပြီ အခုထိအရိပ်ယောင်တောင်မပေါ်လာသေးဘူး
ဘာဖြစ်လို့ပါလိမ့်????

WM - " ဟိတ်ဆောနူ "

SN - " ဟျောင့် မင်းဘယ်လိုလုပ်ပြီးတော့ "

WM - " မင်းရဲ့ကိုကို ကမအားလို့တဲ့ ဝန်းနီကိုကြိုခိုင်းတာ သူကလဲအလုပ်လေးရှိလို့ ငါ့ကိုတဆင့်အကူအညီတောင်းလို့လာကြိုတာ ကားလမ်းကပိတ်နေတော့ ကြာသွားတယ် "

SN - " ဟက် အဲ့တာဆိုလဲသွားကြမယ် "
:
:
:
:
:
WM - " ဆောနူ မင်းတို့ကိစ္စက တော်တော်နာမည်ကြီးနေပြီသိလား "

SN - " ဘာကိုလဲ "

WM - " မင်းဖုန်းတချက်ဖွင့်ပြီး ကမ္ဘာကြီးဘာတွေဖြစ်နေလဲဆိုတာတချက်ကြည့်ကြည့်ပါအုန်း "

SN - " အရစ်ရှည်တဲ့ကောင် ဘာဖြစ်လို့လဲဟ "
ဝူမင်ပြောလို့ကြည့်ကာမှ Hyungနဲ့ကျွန်တော်ရဲ့သတင်းနဲ့အတူ ဟန်မြစ်မှာလမ်းလျောက်ခဲ့တုန်းကပုံတွေ ဈေးတန်းထဲမုန့်တူတူစားခဲ့တဲ့ပုံတွေ ဆေးရုံထဲ ကျွန်တော်ကိုHyungပွေ့ချီပြီးပြေးဝင်သွားတဲ့ပုံတွေ ပြောမယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက်ရဲ့လှုပ်ရှားမှုအကုန်လုံးနီးပါးကိုရိုက်မိထားတယ် သတင်းခေါင်းစဉ်တွေကတော့
" connectအဖွဲ့ရဲ့ဆောင်းဟွန်းနဲ့သူ့ရဲ့ကောင်လေး"
"အိုင်ဒေါနဲ့စတိုင်လစ် " "နှုတ်ခမ်းနီမလေးတွေရဲ့ဆောင်းဟွန်ကမော်ဒယ်ကောင်လေးတယောက်နဲ့တွဲတာအမှန်ဘဲလား" ......တော်တော်ကိုစုံလင်အောင်ရေးထားကြတဲ့လူတွေ သတင်းအောက်ကမန့်တွေကိုဖတ်ပြန်တော့လဲ ဆဲဆိုထားတဲ့သူနဲ့ ဂုဏ်ပြုထားတဲ့သူနဲ့ ခေါင်းပါကိုက်ချင်လာတယ်

WM - " တွေ့ပြီလား "

SN - " အွန် ဘယ်လိုလုပ်ရမလဲ ဝူမင် ငါHyungကိုစိတ်ပူတယ် သူဒီပုံနဲ့အဆင်ပြေပါ့မလား "

WM - " စစချင်းတော့ပြောခံရမှာဘဲ အချိန်တန်ရင်တော့ ပြောတဲ့ပါးစပ်တွေပိတ်သွားပါလိမ့်မယ် ဆောင်းဟွန်ကလဲသန်မာတဲ့လူတယောက်ပါ သူဒီလောက်ကိစ္စနဲ့ဘာမှမဖြစ်ဘူး မင်းသာဂရုစိုက် "

Stylish  &   IdolWhere stories live. Discover now