Episode - 26

830 59 4
                                    


Unicode

SN - " ဒါတွေကိုတကယ်ဒီလိုလုပ်တော့မှာသေချာရဲ့လား"

SH - " အင် ကိုယ်ဒါတွေအပေါ်သံယောဇဉ်မထားချင်တော့ဘူး ကိုယ့်အ‌နားမှာကိုယ်ချစ်ရသူလဲရှိနေပြီဘဲအတိတ်ကအရာတွေကိုဖျောက်ပစ်လိုက်ချင်ပြီ"

သံပုံးတခုထဲကို နူးနားနဲ့ကိုကိုအတူတူရိုက်ထားတဲ့ပုံတချို့ကိုမီးရှို့ကာပစ်ထည့်ရင်း တည်ငြိမ်စွာနဲ့မေးသမျှကိုဖြေရှာသည် ထိုအခန်းထဲကတခုမကျန်မီးရှို့နေတဲ့ကိုကိုကဆုံးဖြတ်ချက်ခိုင်းမာနေပုံ မီးတောက်ရဲ့အလင်းကြောင့်ကိုကို့ရဲ့တင်းနေတဲ့မေးရိုးကဘေးကကြည့်နေတဲ့ကျွန်တော့ကိုရင်ခုန်စေတယ်

SH- " ကလေးချမ်းနေပြီလား နှာထိပ်လေးတွေနီနေပြီ"

SN - " နဲနဲချမ်းလာသလိုဘဲ "

SH - "အဲ့ဆို အိမ်ထဲဝင်ရအောင် ကိုယ်ကကလေးလေးအတွက်ချောကလပ်ပူပူလေးဖျော်ပေးမယ်နော် "

SN - " ဟုတ် ကိုကို "

SH - " ကလေးဒီမှာခနထိုင်နော် ကိုယ်ပြန်လာခဲ့မယ်"

_ချောကလပ်ဖျော်ရန် မီးဖိုချောင်ထဲအပြေးလေးဝင်သွားတဲ့ကိုကိုကသိပ်ဂရုစိုက်တတ်သူကြီးပေါ့ အရင်ကသိခဲ့ရတဲ့မာနတဖွဲသားနဲ့အပြောရဆိုရခက်တဲ့သူကြီးဆိုတာတောင်မေ့ချင်နေပါပြီ ကျွန်တော်ကတော့ကိုကို့အလိုလိုက်မှုကြောင့်အဆိုးလေးလုံးလုံးဖြစ်နေပြီလေ

SH - "ကလေးဘာတွေတွေးနေတာလဲ "

SN - " ကိုကို့အကြောင်းပေါ့ "

SH - "ကိုကို့အကြောင်းတွေးတာဆိုနောက်မှတွေး ဒီမှာရော့ ချောကလက်ပူပူလေး "

SN - " Nae"

SH - "ပူမယ်ဖြည်းဖြည်းမှုတ်သောက်ပါကလေးရယ် "

SN - " ဟီး စိတ်လောသွားလို့ "

SH - " ဟာ သောက်တာကလဲနှုတ်ခမ်းဘေးတွေပါပေကုန်ပြီ တကယ့်ကလေးလေးပါကွာ " ချောကလပ်အမြုတ်တွေပေနေတဲ့နှုတ်ခမ်းကိုပုဝါလေးနဲ့သုတ်ပေးရင်းပြောနေပုံကအဘိုးအိုပေါက်စလိုဘဲ

SN - " ကိုကိုဖျော်ပေးတဲ့ ချောကလပ်လေးကအကောင်းဆုံးဘဲ "

SH - "ကိုယ့်ရဲ့တ‌ဦးတည်းသောသူလေးအတွက်ဘဲလုပ်ပေးတာလေ ဒီလောက်တော့ရှိရမှာပေါ့ "

Stylish  &   IdolWhere stories live. Discover now