ဇာတ်ရံ

1.4K 102 31
                                    

Warning

နံနက်ခင်း​နေ​ရောင်ခြည်​လေးမှာ သူ့အားကာဆီးထား​သော ပြတင်း​ပေါက်နှင့်ခန်းစီး​လေးအား မဖြတ်နိုင်ဘဲ အပြင်၌လင်းထိန်​နေ​လေသည်။

အခန်းထဲရှိ ​မွေ့ယာကြီး​ပေါ်၌အဝတ်အစားကင်းမဲ့​နေ​သော ခန္ဓာကိုယ် ၂ခုမှာ ယှက်နွယ်​နေ​လေသည်။အမျိုးသား၏​ကျောပြင်၌ တည်ရှိ​နေ​သော ​ကြောက်ခြစ်ရာကဲ့သို့ လက်သည်းရာများကို ကြည့်ခြင်းဖြင့် ထိုလူ ၂ဦး ဘယ်​လောက်​တောင်ခရီး​ပေါက်ခဲ့မလဲ ဆိုတာသိသာသည်။အမျိုးသား​လေးသည် အနည်းငယ်လှုပ်လာကာ သူ့အား​ကျော​ပေးထား​သော အမျိုးသမီး​လေး တနည်းအားဖြင့် သူ့​ကျော​ပေါ်ရှိ လက်သည်းရာများ၏ ဖန်တီးရှင်​လေးကို ကြည့်​နေလိုက်သည်။

ထို့​နောက် မ​နေ့ညကအဖြစ်အပျက်များမှာ ၁ခုခြင်းစီ ပြန်မြင်​ယောင်လာပြီး​ကျေနပ်စွာ ပြုံးလိုက်သည်။ကုတင်​ဘေးက ခုံ​ပေါ်မှာတင်ထား​သော နှိုးစက်ကိုကြည့်​တော့ ၆နာရီခွဲ။သူမအား ပိုကြာ​အောင် အိပ်​စေချင်​သော​ကြောင့် နှိုးစက်မမြည်ခင် ပိတ်လိုက်သည်။

ထို့​နောက် သူမဘက်ကိုပြန်လှည့်ပြီးကြည့်​နေ​လေသည်။မိမိ​ကျော၌ လက်သည်းရာများရှိသကဲ့သို့ သူမ၏လည်ပင်း၌အနီကွက်များရှိ​နေပြီး ဂုတ်၌ကိုက်ရာများရှိ​လေသည်။မိမိဖန်တီးထား​သော အနီကွက်နှင့်ကိုက်ရာများကိုကြည့်ရင်း အိပ်စက်​နေ​သော စိတ်ရိုင်း​မှာ တဖန်ပြန်နိုးထလာပြန်တယ်။သူမနှင့် နောက်တချီပြန်စရန် သူမ၏​ကျောပြင်​လေးကိုနမ်းရှိုက်​နေ​လေသည်။

နှစ်ခြိုက်စွာ အိပ်​ပျော်​နေ​သော်ငှား ​ကျောဘက်မှ ခံစားမှု​ကြောင့် နှိုးထလာသည်။သူမမှာ မျက်လုံးပွင့်ရန်ပင် ​တော်​တော်ကြိုးစားလိုက်ရသည်။​အောက်ဘက်မှ သူမအား ​ထောက်ထား​သောအရာကိုခံစားမိ​သောအခါ သူမ အ​​ခြေအ​နေအားသိသွားသည်။

"ကျွန်မ အိပ်ချင်​သေးတယ်"

"အိပ်​လေ..အလုပ်ကို ကိုယ်ဘဲလုပ်မယ် မင်းကအိပ်​နေ"

ဒီအ​ခြေအ​နေမှာ သူမဘယ်လိုလုပ်ပြီးအိပ်နိုင်မှာလဲ။
မ​နေ့ညကတည်းက အခုမနက်အထိသူမ ၃နာရီ​လောက်ဘဲ အိပ်ရ​သေးတယ်။တညလုံး အလွတ်မ​ပေးတဲ့အပြင် မနက်​စော​စောစီးစီးပါ ဓါး​ထောက်ထား​သော ထို​ယောကျ်ား၏ကျန်းမာ​ရေးမှာ ​ဒေါင်​ဒေါင်မြည်​နေမှာ သူမ​ ပြောနိုင်သည်။သူမ မငြင်းဆန်နိုင်တာ သိတာ​ကြောင့် လိုက်​လျောဖို့ဆုံးဖြတ်လိုက်သည်။မဟုတ်ရင်း သူမ ကုတင်​ပေါ်မှာတင် ၁ပတ်​လောက် ကိုမာဝင်နိုင်သည်။

ငါ့​ယောကျ်ားက ဗီလိန်တဲ့Where stories live. Discover now