(က)
မိုးက စွေနေဆဲ။ နေ့လယ် ၁နာရီပေမယ့် ပတ်ဝန်းကျင်ဟာ မိုးရိပ်လေရိပ်ဆင်လို့ မှောင်ရီပျိုးနေတာ မှိုင်းပျပျ။ လက်ဆွဲသေတ္တာအပေါ် လက်တင်ထားရင်း ဘာရယ်မဟုတ် ကိုယ့်လက်ကိုယ်ပဲ မမှိတ်မသုတ်ကြည့်နေမိတယ်။ မြင်ကွင်းမှာ မိုးစက်တွေက ဝေဝါးနေတော့တာပဲ။
ခရီးဝေးလာရတယ်ဆိုပေမယ့် မိုးလေဝသ ကြေညာတွေကို အာရုံမစိုက်မိတာမို့ အခုတော့ နယ်မြို့လေးရဲ့ မိုးတွေကြား သူဟာ ဘတ်စ်ကားဂိတ်မှာ မိုးခိုရင်း အချိန်ဖြုန်းနေရတယ်။
ကိုယ့်စိတ်နဲ့ကိုယ်ဆို မိုးရေထဲလည်း ဂရုမစိုက်ဘဲ ထွက်သွားလိုက်မှာပေမယ့် ကျောပိုးအိတ်ထဲ ပါလာတဲ့ ပန်းချီပစ္စည်းတွေက ရေစိုမခံ။ ဘဝမှာ ပိုင်ဆိုင်သမျှက အနုပညာရယ်... အနုပညာရယ်ပဲရှိပါတယ်။ "ငါ"လို့ သတ်မှတ်ထားကြပေမယ့် တကယ့်တကယ်ကျ စိတ်နဲ့ခန္ဓာကို ဘယ်သူကမှ မပိုင်ကြဘူး မဟုတ်လား။
လောကမှာ ဘယ်သူကများ ဘယ်သူ့ကို ပိုင်ကြပါသလဲ။ တကယ်ဆို လူတွေဟာ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုပဲ အမှန်ထင်ပြီး စွဲလမ်းနေကြတာလို့ ထင်မိတာပဲ။ ပိုင်တာလို့ ပြစရာ မရှိကြပါဘူး။ အားလုံးဟာ ပိုင်ဆိုင်မှုမဲ့ကြတဲ့ သတ္တဝါတွေ။ ဒါဆို အနုပညာကိုရော သူပိုင်သေးရဲ့လား။ ဘဝမှာ အပိုင်ရယ်လို့ ခံစားမိတာ ဒီတစ်ခုတည်း ရှိခဲ့တာပါ။
ခံစားချက်တွေမှာ ဝိဉာဥ်ရှိရင်ကောင်းမယ်။ အဲ့ဝိဉာဥ်ကို ဖန်ပုလင်းထဲ ထည့်သိမ်းပြီး အပိုင်လုပ်ပစ်မယ်။ အနုပညာဝိဉာဥ်ဆိုတာမျိုးလေ။ ပိုင်ဆိုင်မှုမဲ့ သတ္တဝါတွေပေမယ့် ကိုယ့်အပိုင်လို့ မဏ္ဍိုင်သိပ်တက်ချင်ကြတာ သဘာဝမဟုတ်လား။ လူထဲက လူပါပဲ။ ဒါပေမယ့် မပိုင်ဘူးဆိုတာကို သိထားရင်း ပိုင်မယ့်နည်းလမ်းကို ရှာဖွေနေတဲ့လူ။ ဘယ်တော့မှ ရှာမတွေ့ဘူးဆိုတာ သိပေမယ့် မရပ်တန့်ချင်တဲ့လူ။
ဦးနှောက်ထဲမှာ ကဗျာတွေက ပြေးလွှားလာတယ်။ အမြင်အာရုံမှာ ဆေးစက်တွေ။ အရာရာဟာ ပန်းချီဖြစ်လာခဲ့တယ်။ မပိုင်ပေမယ့် ဆိုင်တဲ့ အနုပညာဝိဉာဥ်က အချိန်မရွေး နိုးကြားနိုင်တာပဲ။
YOU ARE READING
နွေး ✿ 𝑨 𝑭𝒆𝒊𝒚𝒖𝒏𝒙𝒊 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏 ✿
Fanfiction"ကျွန်တော်တို့တွေဟာ ဘဝကို မပိုင်ဘူး၊ ဒုက္ခကို မပိုင်ဘူး၊ သုခကို မပိုင်ဘူး၊ အချစ်ကို မပိုင်ဘူး၊ အမုန်းကို မပိုင်ဘူး၊ သံသရာကို မပိုင်ဘူးဆိုပေမယ့် အခု ဒီအခိုက်အတန့်မှာတော့ ဆရာ့ရဲ့ အကြင်နာတွေ၊ မေတ္တာတွေကို ကျွန်တော်နဲ့ ဆိုင်စေ့ချင်တယ်။ ကိုယ့်က...