​နွေး

112 12 8
                                    

(က)

မိုး​က ​​စွေ​နေဆဲ။ ​နေ့လယ် ၁နာရီ​ပေမယ့် ပတ်ဝန်းကျင်ဟာ မိုးရိပ်​လေရိပ်ဆင်လို့ ​မှောင်ရီပျိုး​နေတာ မှိုင်းပျပျ။ လက်ဆွဲ​သေတ္တာအ​ပေါ် လက်တင်ထားရင်း ဘာရယ်မဟုတ် ကိုယ့်လက်ကိုယ်ပဲ မမှိတ်မသုတ်ကြည့်​နေမိတယ်။ မြင်ကွင်းမှာ မိုးစက်​တွေက ​ဝေဝါး​နေ​တော့တာပဲ။

ခရီး​ဝေးလာရတယ်ဆို​ပေမယ့် မိုး​လေဝသ ​ကြေညာ​တွေကို အာရုံမစိုက်မိ​တာမို့ အခု​တော့ နယ်မြို့​လေးရဲ့ မိုး​တွေကြား သူဟာ ဘတ်စ်ကားဂိတ်မှာ မိုးခိုရင်း အချိန်ဖြုန်း​နေရတယ်။

ကိုယ့်စိတ်နဲ့ကိုယ်ဆို မိုး​ရေထဲလည်း ဂရုမစိုက်ဘဲ ထွက်သွားလိုက်မှာ​ပေမယ့် ​ကျောပိုးအိတ်ထဲ ပါလာတဲ့ ပန်းချီပစ္စည်း​တွေက ​ရေစိုမခံ။ ဘဝမှာ ပိုင်ဆိုင်သမျှက အနုပညာရယ်... အနုပညာရယ်ပဲရှိပါတယ်။ "ငါ"လို့ သတ်မှတ်ထားကြ​ပေမယ့် တကယ့်တကယ်ကျ စိတ်နဲ့ခန္ဓာကို ဘယ်သူကမှ မပိုင်ကြဘူး မဟုတ်လား။

​လောကမှာ ဘယ်သူကများ ဘယ်သူ့ကို ပိုင်ကြပါသလဲ။ တကယ်ဆို လူ​တွေဟာ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ပိုင်ဆိုင်မှု​တွေကိုပဲ အမှန်ထင်ပြီး စွဲလမ်း​နေကြတာလို့ ထင်မိတာပဲ။ ပိုင်တာလို့ ပြစရာ မရှိကြပါဘူး။ အားလုံးဟာ ပိုင်ဆိုင်မှုမဲ့ကြတဲ့ သတ္တဝါ​တွေ။ ဒါဆို အနုပညာကို​ရော သူပိုင်​သေးရဲ့လား။ ဘဝမှာ အပိုင်ရယ်လို့ ခံစားမိတာ ဒီတစ်ခုတည်း ရှိခဲ့တာပါ။

ခံစားချက်​တွေမှာ ဝိဉာဥ်ရှိရင်​ကောင်းမယ်။ အဲ့ဝိဉာဥ်ကို ဖန်ပုလင်းထဲ ထည့်သိမ်းပြီး အပိုင်လုပ်ပစ်မယ်။ အနုပညာဝိဉာဥ်ဆိုတာမျိုး​လေ။ ပိုင်ဆိုင်မှုမဲ့ သတ္တဝါ​တွေ​ပေမယ့် ကိုယ့်အပိုင်လို့ မဏ္ဍိုင်သိပ်တက်ချင်ကြတာ သဘာဝမဟုတ်လား။ လူထဲက လူပါပဲ။ ဒါ​ပေမယ့် မပိုင်ဘူးဆိုတာကို သိထားရင်း ပိုင်မယ့်နည်းလမ်းကို ရှာ​ဖွေ​နေတဲ့လူ။ ဘယ်​တော့မှ ရှာမ​တွေ့ဘူးဆိုတာ သိ​ပေမယ့် မရပ်တန့်ချင်တဲ့လူ။

ဦး​နှောက်ထဲမှာ ကဗျာ​တွေက ​ပြေးလွှားလာတယ်။ အမြင်အာရုံမှာ ​ဆေးစက်​တွေ။ အရာရာဟာ ပန်းချီဖြစ်လာခဲ့တယ်။ မပိုင်​ပေမယ့် ဆိုင်တဲ့ အနုပညာဝိဉာဥ်က အချိန်မ​ရွေး နိုးကြားနိုင်တာပဲ။

You've reached the end of published parts.

⏰ Last updated: Oct 21, 2021 ⏰

Add this story to your Library to get notified about new parts!

နွေး ✿ 𝑨 𝑭𝒆𝒊𝒚𝒖𝒏𝒙𝒊 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏 ✿Where stories live. Discover now