နိဒါန်

8 1 1
                                    

ကိုယ်တစ်ဖက်သတ် ကြိုက်နေတဲ့သူတစ်ယောက်နဲ့
အတူနီးနိုင်ဖို့ ခင်ဗျားတို့ကြိုးစားဖူးလား။ ဘယ်လောက်ရူကြောင်နိုင်တဲ့အထိ ကျွန်တော့်လုပ်သလဲဆိုင်ရင် ဘုရားရောက်တဲ့အခါတိုင်း သူနဲ့နီးနိုင်ဖို့အတွက် ကျွန်တော်ဆုတောင်းတာပဲ။ သူနဲ့နီးသလားဆိုတော့် မနီးပါဘူး။ မနီးပါဘူးဆိုတာထက် မနီးသေးတာပါ။ ကံဆိုတာအလုပ်ပဲတဲ့။ ကံ‌ကောင်းတာကိုပဲစောင့်မလား ၊ ဒါမှမဟုတ်ကိုယ် ကိုယ်တိုင်က ကံကိုပြောင်းပြန် လှည့်ပစ်မလား ခင်ဗျားလုပ်ရပ်နဲ့ပဲဆိုင်တယ်။ ဆိုတော့် ကျွန်တော်ကြိုးစားတယ် သူနဲ့နီးဖို့။ သူ့ကိုစစကြွေတုန်းက နှစ်ခဲ့တဲ့ ၂နှစ်က။ ၂နှစ်လောက်ကြိုးစားခဲ့တာပေါ့။ အခုတော့်နီးစပ်ဖို့တော့် မျှော်လင့်မိပါတယ်။ ဘာတွေပေးဆပ်လိုက်ရလဲဆိုတော့် ညဏ်ရယ် ဝိရိယရယ်ပါပဲ။ ဟုတ်ပါတယ် ၂နှစ်လောက်စာကြိုးစားပြီး‌တော့်
ကြိတ်ကြွေနေတဲ့ကောင်နဲ့ နီးဖို့ကျွန်တော်ကြိုးစားခဲ့တာပေါ့။ ကျွန်တော်တို့ကျောင်းက အဆင့်အလိုက် နေရမဲ့အတန်းကိုသတ်မှတ်ကြတာလေ။ ဉာဏ်ကတော့်အတော်အသင့်ကောင်းပြီး ဝိရိယမရှိတဲ့ကျွန်တော့်အတွက် ဒုက္ခလှလှတော့်တွေ့ခဲ့‌တာပေါ့။ ကံကောင်းလို့ ဒီနှစ်ကအဆင့်တွေကတော်တော်တက်လာတယ်။ အခန်းထဲမှာတော့် 1 to 10ဝင်တယ်လေ။ ကံကောင်းတယ်လို့ရယ်မဟုတ်ပါဘူး ကိုယ်ကိုယ်တိုင်က ကြိုးစားခဲ့လို့လေ။ လူတွေက အလုပ်တစ်ခုကိုလုပ်ရင် တွန်း‌အားတွေရှိရင် လိုရားပန်တိုင်ကို မြန်မြန်‌ရောက်နိုင်တယ် မဟုတ်လား။ ဒီနှစ်နွေရာသီကျောင်းပိတ်ရက်လဲ ပျင်းစရာကောင်းလိုက်တာ။ ရာသီဥတုကလဲ အသေပူတော့် ဘာမှမသွားချင်ဘူး အိမ်မှာပဲအောင်းချင်နေတယ်။ကြာလာရင်လူကလဲ ကြွက်လုံးလုံးကြီးဖြစ်တော့်မယ်။
အချိန်ကလဲ တစ်နေ့တာကုန်ဆုံးနိုင်ဖို့ ကြာသလိုခံစားရတယ်။ တစ်နေ့တစ်နေ့ TVကလာတဲ့ K-dramaပဲ ထိုင်ကြည့်နေရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တောက်ပတဲ့နေ့တွေကို ကြိတ်ကြွေနေတဲ့ဘဲကြီးနဲ့တွေ့ဖို့ကလဲ ဘယ်လောက်‌မှ မလိုတော့်ပါဘူး။ ဟူးးးးးး မျက်နှာတောင်မတွေ့ရတာ တော်တော်ကြာနေပြီး သတိရလိုက်တာ ခင်ဗျားကြီးရယ်။

This is our storyWhere stories live. Discover now