Unicode
ညဘက််ဆိုတာ မကောင်းတာလုပ်ဖို့အတွက်
အကောင်းဆုံးအချိန်ပဲတဲ့....သေချာတာပေါ့ ...အခုဆို ကျွန်တော်ကမကောင်းတာ
လုပ်ဖို့သွားနေတဲ့ကောင် မလား။
ဟေ့ ဟေ့ အများကြီးတွေးမနေနဲ့ အရက်သောက်ဖို့
Clubသွားဖို့ဘာညာပြောတာ...C-L-U-B
၀ိုး ကျွန်တော့်အတွက်တော့
ပျော်စရာတွေစုနေတဲ့နေရပ်တစ်ခုလိုပဲ။
ဒီနေရာကို မွေးရပ်ဌာနေလို့ သဘောထားပြီးတော့ကို
လာဖြစ်တယ်။
ဒီနေရာကိုလာ ဒီနေရာမှာကဲ ဒီနေရာမှာ
တစ်ခါတစ်လေ အိပ်တောင်အိပ်ဖြစ်သေး။
အသောက်လွန်ပြီး မထနိုင်တော့လို့လေ အဟဲ။တစ်ခါတစ်လေ ဇယားလေးတွေရှိပေမယ့်
တစ်ခါတစ်လေမှပါ ကျွန်တော်က အဲ့တာထက်
မူးရူးနေရတာကို ပိုသဘောကျမိလို့...။
အမြဲလိုလိုသွားပြီး နေချင်သလိုနေပစ်ပလိုက်
ဘ၀ဆိုတာ တိုတယ်ကိုယ့်လူ ဘယ်အချိန်
ငေါက်ခနဲ ဂန့်သွားမလဲမသိတာမလို့ အပီသာဆွဲပလိုက်...အဲတစ်ခုတော့ရှိတယ် အိမ်တော့ပိုင်ပါစေနော်...
ကျွန်တော်ကတော့ daddy ရဲ့
တစ်ဦးတည်းသော သားငယ်လေးဖြစ်သည့်အလျောက် အလစ်တဲတော့ ဆိုးပါသည်။
အိမ်ကလဲပိုင်သလား မမေးနဲ့..
ဒါဆိုဒါ ဟိုဟာဆို ဟိုဟာ ရပြီးသား....Mommy ကလား? မရှိတော့ဘူး
ကျွန်တော့်ကိုမွေးပြီးပြီးချင်းပဲဆုံးသွားတာမလို့
ကြာပြီ...
အဲ့တာကြောင့်ပြောပါတယ် ဘ၀ဆိုတာတိုတိုလေးပါလို့ မသေခင်ကဲထား....အခုလဲ မွေးရပ်မြေclubလေးဆီ ဒိုးတော့မှာမလို့
ဆံနွယ်အကောက်လေးများကို သေချာပုံသွင်းရင်း
မှန်တကြည့်ကြည့်နဲ့ပြင်ဆင်နေတာလေ...မျက်ကပ်မှန်အပြာရောင်လေးနဲ့ idolတစ်ယောက်လို
ခပ်မိုက်မိုက်၀တ်စားထားတဲ့သူ့ကို ဘယ်သူက
လည်ပြန်မကြည့်ပဲနေနိုင်မှာလဲ...ဖင်တစ်ပြန် ခေါင်းတစ်ပြန် မှန်ကြည့်ပြီးစိတ်ချမ်းသာ
သွားတော့မှ မနေ့ကမှအသစ်၀ယ်ထားတဲ့ နောက်ဆုံး
ပေါ် Motorbike လေးရဲ့သော့ကို ဆွဲလို့
အိမ်အောက်ကို အပြေးဆင်းမိသည်။
မေ့တော့မလို့ သူ့နာမည်မှတ်ထားအုံး
YOU ARE READING
မနမ်းထိုက်သောပန်းလေး🥀
FanfictionBoth Zawgyi & Unicode လူတွေကပြောကြလေတယ် ထိုပန်းလေးက ~~ မနမ်းသင့်တဲ့ပန်းလေး ပါတဲ့ .... >>>>>>>>> လူတွေကပြောကြလေတယ် ထိုပန်းလေးက ~~ မနမ်းသင့်တဲ့ပန်းလေး ပါတဲ့ .... Thanks for reading ♡♡♡ Written by Evolet_Jung