Unicode
ပန်းမျိုးစုံတွေ ပွင့်လန်းနေတဲ့ ဥယျာဥ်ငယ်လေး
တစ်ခုမှာ ပန်းအမျိုးအစားများစွာရှိတယ်...လှလွန်းတဲ့ပန်း ..မွှေးလွန်းတဲ့ပန်း...အဆိပ်ရှိတဲ့ပန်း...
တစ်ပွင့်တည်းသော ပန်းလေးကတော့
လူမသိမမြင်တဲ့ နေရာချောင်ကြားလေးမှာ
အစွမ်းကုန် ပွင့်လန်းလို့နေပြန်တယ်..လူတွေကသိပ်ကိုသဘောကျပေမယ့်
ဘယ်သူကမှတန်ဖိုးထားပြီး သိမ်းဆည်းထားလိုစိတ်
မရှိကြဘူး...ပြောကြပါသေးတယ် ထိုပန်းလေးက
မနမ်းသင့်တဲ့ပန်းလေး ပါတဲ့ ....>>>>>>>>>
အရင်တုန်းကတော့ clubလို့ဆိုတာနဲ့
သောက်မယ်စားမယ်လို့ပဲ တွေးနေမိပေမယ့်
ဒါပေမယ့် သူရှိနေတဲ့နေရာကတော့ မတူဘူး....ဘာမတူတာလဲဆို သောက်ဖို့အတွက် နေရာမဟုတ်တော့ဘူး ...ခစားရာနေရာလေးဖြစ်နေပြီ။
"J ရောက်ပြီလား "
အနားမှာရှိတဲ့ Waiter လေးကိုခေါ်မေးတော့
ခပ်မြန်မြန်ပင် ခေါင်းငြိမ့်ပြပြီးဖြေသည် ။"ဟုတ်ကဲ့ ရောက်နေပါပြီ Jရော ဒီညအလှည့်ကျတဲ့
သူတွေရော အကုန်ရှိပါတယ်ဗျ "သဘောမနောတွေပိုကာ အတင်းတွေဖြေနေသော
သူကိုကြည့်ပြီး သူတစ်ချက်စုတ်သတ်လိုက်သည်။"ကျစ် ငါတခြားသူကို မေးနေလို့လား
လျှာကိုရှည်တယ် J ဘယ်မှာလဲ သူ့ဆီသွားမယ် "ထိုင်နေရာကနေထလို့ သွားဖို့ဟန်ပြင်တော့
ပြာပြာသလဲ ငြင်းပြန်သည် ။"မ..မရပါဘူး ဧည့်သည် ဒါကစည်းမျဥ်းပါ
Customer တစ်ယောက်အနေနဲ့ ၀န်ထမ်းတွေရဲ့
နားနေဆောင်တို့ ပြင်ဆင်ခန်းတို့ကို ၀င်ခွင့်မရှိပါဘူး
သူ့အလှည့်ရောက်ခါမှ သူ့ဟာသူ...""ကျစ်...စိတ်ပျက်ဖို့ကောင်းတယ်ကွာ "
သူစိတ်ပျက်လက်ပျက်နဲ့ ခုံပေါ်ပြန်ထိုင်လို့
နေလိုက်သည်။"ဧည့်သည် တကယ်လို့အရေးတကြီးလိုအပ်တယ်ဆို
ကျွန်တော့် Jအစား တစ်ယောက်ယောက်ကိုခေါ်ပေး..."

YOU ARE READING
မနမ်းထိုက်သောပန်းလေး🥀
FanfictionBoth Zawgyi & Unicode လူတွေကပြောကြလေတယ် ထိုပန်းလေးက ~~ မနမ်းသင့်တဲ့ပန်းလေး ပါတဲ့ .... >>>>>>>>> လူတွေကပြောကြလေတယ် ထိုပန်းလေးက ~~ မနမ်းသင့်တဲ့ပန်းလေး ပါတဲ့ .... Thanks for reading ♡♡♡ Written by Evolet_Jung