part - three

391 74 15
                                    

Unicode

လက်က၀တ်ထားတဲ့နာရီကိုတစ်ချက်ကြည့်တော့
လက်တံရှည်က ဆယ့်နှစ်ကိုညွှန်လို့ လက်တံတိုကတော့ တစ်ဆယ်ကို ညွှန်ပြလို့နေသည်။

ဆယ်နာရီ...ဆယ်နာရီ ရှိပြီ!

လူသူများသွားလာလှုပ်ရှားနေသေးတဲ့အချိန်
ဖြစ်နေပေမယ့် သူအတွက်တော့ နားရက်မလို့
တကယ်ပဲ အိမ်ပြန်ပြီးခွေနေချင်သည် ။

Clubရှေ့ မတ်တပ်ရပ်ရတာ ကြာနေပြီမလို့
ညောင်းညာလာတဲ့ ခြေထောက်ကို ဆောင့်အောင့်ရင်း
သူနှုတ်ခမ်းသာဆူမိသည်။

ငါဘာလို့ ဒီလိုရပ်စောင့်နေရတာလဲ ?
ပိုက်ဆံကြောင့် ဟုတ်တယ် ပိုက်ဆံကြောင့် ...

"တကယ်ပါပဲ စိတ်ပျက်လာပြီ "

ဆူငူနေရင်းကနေ ခါးနားတစ်၀ိုက်ကို
ရောက်ရှိလာတဲ့ လက်ကြောင့် လူကတုန့်ခနဲတောင်
ဖြစ်မိသွားတယ် ။

"J ?  အထဲမ၀င်ပဲ ဒီမှာဘာလုပ်နေတာလဲ "

Club Memberဖြစ်ပုံပေါ်တဲ့ထိုလူ က
နှုတ်ဆက်လာတဲ့အခါ  အလျှင်သင့်လေး
ပုခုံးပေါ်လက်တင်ကာ ချွဲနွဲ့လိုက်သည်။

"ဒီနေ့က နားရက်လေ အခုတောင် အလုပ်ကိစ္စလေး
နည်းနည်းရှိလို့ လာစောင့်နေတာ
စောင့်နေရတာကြာပြီ "

နှုတ်ခမ်းလေးကို မသိမသာလေးဆူလို့
စိတ်မရှည်သလိုပြောမိတော့ ထိုလူကရယ်သည်။

"ဟဟ ဟုတ်လား ငါတို့ clubရဲ့ ရတနာလေးကို
ဘယ်သူကများ ဒီလိုအကြာကြီး စောင့်ခိုင်းထားရတာလဲ ? ဘယ်သူမလို့ မင်းလေးကရော စောင့်နေတာလဲ? ရည်းစား ?"

"ရည်းစားတဲ့လား မဖြစ်နိုင်တာ Jတို့ဘ၀မှာ
တစ်သက်လုံး ရှိလာမယ့်စကားလုံးမဟုတ်လို့
တွေးမနေနဲ့ "

"ဒါဆို...ကိုယ်တို့ ၀ိုင်းမှာ လာထိုင်စောင့်နေလေ "

ခါးနားတစ်၀ိုက် ပွတ်သီးပွတ်သတ် အထိအတွေ့နဲ့
အတူ မြူဆွယ်ဖြားယောင်းနေလေရဲ့
တကယ်ပါပဲ ဘယ်သူ့ကိုလာပြီး လုပ်နေတာလဲ ။

ဖက်တွယ်ထားတဲ့လက်ကို ဖြုတ်ချလို့
အနောက်ကိုဆုတ်လိုက်သည်။

 မနမ်းထိုက်သောပန်းလေး🥀Where stories live. Discover now