#Unicode
Marketingရုံးခန်းထဲမှာအေးချမ်းမိုရ်တစ်ယောက်သူ့ရဲ့ပထမဆုံးကုမ္ပဏီအကြီးကြီးနှင့်တွဲလုပ်ရမည့်အချိန်ပိုင်းအလုပ်လေးအတွက်သူ့အထက်လူကြီးကိုဝင်တွေ့နေရသည်။"မင်းကျွမ်းကျင်တဲ့အပိုင်းဆိုတော့ အစ်ကိုအများကြီးပြောဖို့မလိုပါဘူး၊ ရော့ဒီမှာယူနီဖောင်းအထဲမှာသွားလဲလိုက်ဦး"
"ဟုတ်ဗျ"
ကိုဥက္ကာကမ်းပေးလိုက်တဲ့ယူနီဖောင်းအသစ်လေးကိုကိုင်ကာ ရုံးခန်းနှင့်တွဲထားသည့်အိမ်ထဲသို့ဝင်ကာ ယူနီဖောင်းလဲဝတ်လိုက်ရသည်။
"လာချမ်းမိုရ် ဒီမှာမင်းနဲ့အလုပ်တွဲလုပ်ရမယ့်အစ်ကိုတွေ"
အဝတ်စားလဲပြီးပြန်ထွက်လာတော့ ကိုဥက္ကာကအလုပ်အတူတွဲလုပ်ရမည့်အစ်ကိုတွေနဲ့မိတ်ဆက်ပေးပြန်သည်။
"ညီလေးက လုပ်ငန်းအတွေ့အကြုံရှိတယ်ဆိုတော့ အစ်ကိုတို့အလုပ်နဲ့ပတ်သက်ပြီးညီလေးတို့ကပဲကြိုးစားပေးပါ"
အဖွဲ့ထဲမှခေါင်းဆောင်ဖြစ်ဟန်တူသည့်အစ်ကိုက သူ့အားအဆင်ပြေပါ့မလားစိုးရိမ်နေပုံပင်။
"ဟုတ်ကဲ့ ကျွန်တော်လုပ်နိုင်ပါတယ်"
ယုံကြည်ချက်အပြည့်ရှိနေသည့်သူ့အပြောကြောင့်ထိုအစ်ကိုကပါးချိုင့်တွေပေါ်သည်အထိပြုံးကာ
"ဟုတ်ပြီ..အစ်ကိုကညီလေးတို့ကိုလောလောဆယ်နေရာချထားပေးမယ့်သူပေါ့အစ်ကို့နာမည်က လင်းထက်ဦးပါ"
သူတို့လို့ Marketingသမားတွေနှင့်ကုမ္ပဏီအကြီးကြီးတွေကမကြာခဏအလုပ်တွဲလုပ်ရသည်ဆိုပေမယ့်၊ဒီလိုကုမ္ပဏီအကြီးကြီးတွေနှင့်အလုပ်လုပ်ရတာရှားသည်မို့ အမှားအယွင်းအနည်းဆုံးဖြစ်အောင်ဂရုစိုက်ရမယ်လို့ အစ်ကိုကအသေအချာမှာထားသည်။
"ညီလေးတို့သိတဲ့အတိုင်းဒီရာသီက အရောင်းအဝယ်ပါးတဲ့ရာသီဖြစ်တဲ့တာမို့အစ်ကိုတို့ brandအတွက် samplingလုပ်ပေးဖို့ပါပဲ"
အလုပ်နဲ့ပတ်သက်လို့အစ်ကိုလင်းထက်ဦးပြောသမျှကိုသေချာလိုက်မှတ်ထားရသည်။
အစ်ကိုလင်းထက်ဦးကစကားပြောကောင်းသလိုတစ်ဖက်လူနားလည်လွယ်အောင်လည်းပြောတတ်သည်ဟု မိုရ့်စိတ်ထဲကမှတ်ချက်ပေးမိသည့်အထိပင်။