အပိုင်း (၂)

3.5K 355 129
                                    


          "ကို"...........

          ချိုအေးသော အပြုံးတစ်ပွင့်နှင့်အတူ နှုတ်ဖျားမှ ခပ်တိုးတိုးရေရွတ်လျှက် သူ ကျွန်တော်ရှိရာ လှမ်းလာသည်။  နှစ်ယောက်သား တစ်ယောက်ဆီတစ်ယောက် တိုး၍လာလိုက်သည်မှာ နှစ်ယောက်ကြားကျန်ရှိနေတဲ့ တစ်ပေသာသာ အကွာအဝေးလေးက သူ့နေရာလေးပါ ဖယ်ပေးရလေမလားဆိုပြီး စိုးတထင့်ထင့် ။ ရှုတ်ရှပ်ခတ်နေသော ပတ်ဝန်းကျင်တွင်မို့ ကျွန်တော့်နှစ်ယောက်ရဲ့ နီးကပ်သောအနေအထားကို ဘယ်သူမှ အထူးတလည်လုပ်မသွားကြ။ မျက်နှာချင်းဆိုင် ရှေ့တည့်တည့်မှ ချစ်ရသူ​၏ ရေချိုးပြီးခါစ ကိုယ်သင်းနံ့လတ်လတ်ဆတ်ဆတ်လေးက နွမ်းသောစိတ်ကို ယူပစ်လိုက်သည့်အလား ။

       "စောင့်နေတာ ကြာပီလား ညီ"

      "မကြာသေးဘူး ကို ... ခုနလေးကပဲရောက်တာ"

      "အိမ်ကိုရော ဘယ်လိုပြောထွက်လာတာလဲ"

      "ထုံးစံအတိုင်း မမတို့နဲ့ trainingပေါ့" ... ညီပြောတဲ့ မမဆိုသည်မှာ ညီနဲ့ အရမ်းခင်မင်သည့် မဧကရီ၊ လက်ရှိမှာ ညီက မဧကရီဖွင့်ထားသည့် သိပ်မကြီးသေးတဲ့ model agencyမှာ သင်တန်းဆရာလေး၊ angencyကလုပ်တဲ့ showပွဲဘာညာရှိရင်တော့ MC တစ်ဖြစ်လဲ ဒဂုံတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားလေး ကျွန်တော့်ချစ်သူ "ကိုလရောင်ထက်"ဟာ အနုပညာလောကမှာ နာမည်ရဖို့ ကြိုးစားနေတဲ့ တက်သစ်စ modelပေါက်စလေးပါ။

         "လူလိမ်လေး... ဟဟ"

        "အယ်မယ်... သူကျ မလိမ်ရှာဘူးဆိုတော့" ... ဟုတ်သည်၊ ကျွန်တော်လိမ်ထားသည်က ပိုဆိုးသည်။ အခုလို ညီနဲ့ တစ်ရက်နဲ့တစ်ပိုင်းလောက် တွေ့ခွင့်ရဖို့ ကျွန်တော် အိမ်ကိုဘယ်လိုလိမ်ပြီး ထွက်ခဲ့တယ်လို့ ထင်လဲ။

        "ကို အိမ်ကို ဖုန်းဆက်ရဦးမယ်"

        "တည်းခိုခန်းကျမှ ဆက်လေ ကို ... ဒီမှာက ဆူနေတာ"

          "ဟုတ် သွားကြမယ်လေ၊ ဝေးလား ဒီနဲ့"

          "သိပ်မဝေးဘူး ကို၊ ပေး ကို့ရဲ့ luggageကြီး"

         "နေပါ လေးတယ် ကို့ဘာသာဆွဲပါမယ်"

         "က်ိုကိုမော်ကွန်းပိုင်တို့ကတော့ ရိုးရာမပျက်နော်... ပြောပါဦး ဒီတစ်ခေါက်ရော ဘယ်နှစုံတွေ ထည့်လာပြန်ပီတုန်း"

ထာဝရဖြစ်စေ ....Where stories live. Discover now