ဟေသာ

403 15 2
                                    

"တောင်ပန်းပါတယ်၊ တောင်ပန်းပါတယ်၊တောင်ပန်းပါတယ်"

ဘာကိုတောင်ပန်းနေမှန်း မသိခင်မှာပဲ အဲလက်ဝါးတွေ နာကျင်မှုတွေက ကျမပါးတွေနားတွေကို လှိမ့်ပိတ်ဝင်လာတယ်။

ဒီအရာအားလုံးကအဲနေ့က အဲဒီနေ့က စခဲ့တယ်။

အဲနေ့က အဖေက ကျမလက်ကိုဆွဲပီးတော့ အဲဒီအိမ်ကြီးရှေ့မှာ
စာတစ်စောင်နဲ့ ကျမကိုထားခဲ့တယ်။
အဲစာကို အိမ်ကြီးရှင်က ဖတ်ပီးတဲ့နောက်မှာတော့ အဖေဆိုတဲ့လူဟာ လူယုတ်မာအဖြစ်ပြောင်းလဲသွားခဲ့တယ်။
အဖေဆိုတဲ့နာမည်အစား ကျမက လူယုတ်မာဆိုတဲ့နာမ်စားကိုပြောင်းသတ်မှတ်ပေးခဲ့တယ်။

အဲစာက အဲဒီစာက အဲဒီစာထဲကအဓိပ္ပာယ်တွေက

"ကျနော်ရဲ့ အကြွေးတွေကို သမီးဖြစ်သူ ဟေသာနဲ့ ဆပ်ခဲ့ပါတယ်။ ကျွန်တစ်ယောက်အဖြစ်ရောင်းခဲ့တာမို့ အကြွေးတွေချေပေးပါ"

ဒါပဲ ဒါပဲ ဒိီိလောက်ပဲစာက အဲလူယုတ်မာက အဲလောက်ပဲရေးပီ အဲလူယုတ်မာက ငါကိုကျွန်တစ်ယောက်ဖစ်စေခဲ့တာ။ ၇နှစ်အရွယ်ကလေးမလေးက တစ်သက်လုံး ဒီအိမ်ကြီးရဲ့ကျွန်တစ်ယောက်ဖြစ်သွားတယ် ။ မဟုတ်ဘူး ကျွန်တစ်ကောင်ဆို ပိုမှန်မလား။

အိမ်ကြီးရှင်ရဲ့သမီး ငါနဲ့အရွယ်တူလေးအတွက် ငါက ကစားစရာဖြစ်လာတယ်။သူအလိုမကျရင်ရိုက်နှက်ဖို့ ကျွန်တစ်ကောင်ဖစ်လာတယ်။

ဒီအိမ်မှာ ငါခိုနားစရာနေရာမရှိဘူး။အိမ်ကြီးကသာနားတယ် တောက်ပြောင်တယ်၊ အိမ်ကြီးရှင်နဲ့သမီးဖြစ်သူက(ငါကတော့ မင်းသမီးလို့ခေါ်ဆိုရတယ်) ချောမောခန့်ညားတယ် လှပတင့်တယ်တယ်။ ဒါပေမဲ့ ဒီအိမ်မှာ ဒီအိမ်ကလူတွေဆီမှာ ငါအတွက်ခိုးနားစရာနေရာမရှိဘူး။ အိမ်ရဲ့အစေခံတွေထက်တောင် ငါကနုံချာတယ်။ အဆင့်ပိုနိမ့်တယ်။ သို‌့ပေမဲ့ အစေခံတွေကတော့ ငါကိုလက်နဲ့တောင်မရွယ်ရဲ မင်းသမီးလေးကို ကြောက်ရတယ်။ တစ်နေ့ပီး နောက်တစ်နေ့ သူမပေးထားတဲ့ ဒဏ်ရာတွေထက် ပိုနေရင် အဲဒဏ်ရာရအောင်‌လုပ်တဲ့သူဟာ ရှင်လမ်း မရှိဘူး။ဒါကို ဒီအိမ်ကိုရောက်ပီး ၂ပတ်မြောက်နေ့မှာငါသိခဲ့ရတယ်။

ဟေသာWhere stories live. Discover now