ကံကြံမ္မာက တဂယ်ပြောင်းလဲတတ်ပုံပါပဲ။ ကျမရဲ့ ကျွန်သက်တမ်းကြီးရပ်ဖို့စတင်လာခဲ့တယ်။ နောက်၃နှစ်နေတော့ မမဂျူလီယာက ဒီအိမ်ကြီးကိုထပ်ရောက်လာတယ်။ ပိုပီးထူးဆန်းတာက သူမက အိမ်ကြီးရှင်ရဲ့ ထိုင်ခုံမှာထိုင်နေတာပါပဲ။ သူမကလှနေဆဲပဲ အရင်နဲ့မတူတာက အခုသူမကအမျိုးသမီးတစ်ယောက်ဖစ်နေခဲ့ပီး ။မင်းသမီးလေးကလဲ အရွယ်ရောက်တိုင်းပိုလှလာတယ်။ ငါကတော့ ထုံးစံအတိုင်း ငါခန္ဓာကိုယ်နဲ့လိုက်ဖတ်မဲ့ အနွေးထည်ခပ်စုတ်စုတ်တစ်ထည် ဝတ်ထားဆဲပါပဲ။ ဒီ၃နှစ်အတွင်းမှာ ပြောင်းလဲခဲ့တာက ကျမပါးပေါ်ကျလာတတ်တဲ့ လက်ဝါးရာတွေဟာ အရေအတွက်လျော့လာခဲ့တာပါ။ တစ်ကြိမ်တစ်ခါတော့ နာကျင်နေတုံးပါပဲ။ အခု ၁၅နှစ်အရွယ်မင်းသမီးလေးကငိုနေတယ်။ အိမ်ကြီးရှင်ကိုတော့ မနေ့ထဲကငါမတွေ့ဘူး။ မင်းသမီးလေးကလဲ ငါကိုမနေ့က ဘာမှမခိုင်းခဲ့ဘူး။ကံကြမ္မာက ထူးဆန်းလွန်းတော့ ငါမှာအော်ရယ်ဖို့တောင်မေ့တယ်။ မင်းသမီးလေးရဲ့ဖခင်ဖြစ်သူ အိမ်ကြီးရှင်ဟာလဲ စာတစ်စောင်ရေးပီး ဘဝကူးသွားခဲ့တယ်လေ။ စာထဲမှာရေးထားတာက ပိုထူးဆန်းတယ်။ အိမ်ကြီးနဲ့ပိုင်ဆိုင်မှုများဟာ မမဂျူလီယာအပိုင်ဖြစ်သွားခဲ့ပါတယ် ငွေသုံးကြမ်းခဲ့ပုံက မမဂျူလီယာတို့ထံတွင် အကြွေးများစွာ ကျန်နေခဲ့သတဲ့။ မင်းသမီးလေးက စာကိုဖတ်ပီးတော့ ပြိုလဲကျသွားတယ်။ သူမကိုငါနဲ့အတူအစေခံများကပြေးထူတယ်။ သူမတဂယ်ကူကယ်ရာမဲ့နေခဲ့တယ်။ မမဂျူလီယာကတော့ အောင်မြင်သူတို့ မျက်နှာထားကိုငါတွေ့ရတယ်။ နူးညံ့တဲ့အမျိုးသမီးဟာ ရင့်ကျက်လာရင် ဒီလိုပုံစံမျိုးများလားလို့ ငါတွေးမိတယ်။မမဂျူလီယာက ထိုင်ရာကာ ထလာတယ် ပီးတော့ ငါကိုဆွဲထူကာ သူမက ဖက်တယ်။ ငါအပါအဝင်အခန်းထဲရှိလူအကုန် ခပ်ကြောင်ကြောင်ဖြစ်သွားတယ်။ အခြားသူများထက် ငါက ပိုပီး ထူးဆန်းနေတာမဟုတ်လား။ မမဂျူလီယာက စကားဆိုသည်
"ညစာစားရအောင်လား ဟေသာ"သူမက ငါကိုဖက်ထားရာကနေ ခွာတယ်။ တစ်ဆက်တည်းမှာပဲ "ဂျူးလတ်ကိုမြေအောက်ခန်းထဲထည့်ထားလိုက်၊ငါပိုင်ဆိုင်ရမဲ့အရာထဲမှာသူပါပါတယ်၊သူအဖေတင်ခဲ့တဲ့အကြွေးကဒီထက်အများကြီးပိုတယ်"
YOU ARE READING
ဟေသာ
Short Story"သိပ်လှတဲ့နာမည်လေးပဲ ဟောသာ မမကဂျူလီယာ ဂျူးလတ်ရဲ့အစ်မဝမ်းကွဲ" "ကျေးဇူးပြုပီး ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်တောင်းဆိုခြင်းပါဟေသာ ငါကိုချစ်ပေးနိုင်မလား" ဂျူးလတ်ပထမဆုံးအနေနဲ့ သူမနာမည်ကိုငါသုံးနှုန်းဖူးခြင်းပါပဲ။