{ 12 }

3K 259 19
                                    

unicode...







" Min Yoongiက ဘယ်အချိန်ပြန်ရောက်မှာလဲ ?"

" မနတ်၈နာရီလေယဉ်ဆိုတ်တာနဲ့ CEOယောင်းဆီတန်းလာမယ်လို့ ပြောပါတယ် "

" Ok ! အခု၆နာရီပဲရှိသေးတော့ ... ငါ့ကိုမနက်စာပြင်ပေး "

" ဟုတ်ကဲ့ပါ CEOယောင်း "

အမိန့်ပေးသည့်အတိုင်းမနက်စာပြင်ပေးရန်အတွက် Wangကသူ၏အခန်းထဲမှအလျှင်အမြန်ထွက်သွားခဲ့သည်။အကြောင်းအရင်းကတော့ ညကလိုထပ်ပြီးစော်ခံရမှာစိုးရိမ်သည့်အတွက်ပင်။သူ၏ကုတင်အထက်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသည့် အကောင်ပေါက်လေးကတော့ သူတို့၏စကားသံများကိုကြားမည်မထက်ပါ။CEOယောင်း၏လက်သန်ပြောင်မှုကြောင့် Wangမှာခေါင်းကိုက်ဝေသနာစွဲပြီး တစ်ညလုံးမအိပ်ရသေးပေ။သို့ပေမဲ့လည်း နှစ်ယောက်လုံးမအိပ်ရသေးဘူးဆိုလျှင်မိုမှန်ပါလိမ့်မည်။

ညစာကိုဖြစ်သလိုစားပြီးနောက် Taiwanတွင်ရှိသည့်Min Yoongiနှင့်Online Meetingလုပ်ဖြစ်ကြပြီး မနက်ဖြန်ဈာပနအစီအစဉ်ကိုMin Yoongiကအချိန်မှီရောက်အောင်ပြန်လာမည်ဟုပြောခဲ့သည်။အဘယ့်ကြောင့်ဆိုသော် Mr.Hwangကို Min Yoongiကအပြက်ရှင်းမည်ဟုကြိမ်းဝါးခဲ့သောကြောင့်ပင်။

အကြောင်းအရင်းမှာတော့ သူငယ်ချင်းဖြစ်သူJackကိုလှောင်ပိတ်အကျဉ်းချပြီး အစားအစာပါမကျွေးသောကြောင့်အားအင်ချိနဲ့ပြီးအစာအိမ်ရောဂါပြန်ထလာကာဆေးရုံတင်ထားရ၏။နောက်ထပ်ရှင်းပစ်ချင်သည့်အကြောင်းအရာကတော့ Mr.Hwangကသူတို့သုံးဦးကိုလက်စဖျောက်ပြီး လုပ်ငန်းနယ်ပယ်တွေကိုကြီးစိုးမည်ဟူသည့်အကြံကိုကြားသိခဲ့ရ၍ဖြစ်သည်။

ပါးနပ်လွန်းသည့်Min Yoongiဟာ ထိုအကြောင်းအရာတွေကိုသိရဖို့အတွက်အများကြီးကြိုးစားစရာမလိုပေ။သူအမိန့်တချက်ပေးရုံနှင့် Mr.Hwang၏အကြောင်းစုံကိုဖွင့်ဟလာမည့်သူဟာခပ်ပေါပေါရယ်။ထို့ကြောင့် Mr.Hwangကို J Group၏ဥက္ကထဈာပနအစီစဥ်နှင့်မျှားကာစေလွှတ်ခဲ့ခြင်းဖြစ်သည်။အကယ်၍ Mr.Hwangသာ J Groupဥက္ကထ၏ဈာပအစီစဉ်ကိုသွားခဲ့ပါက ဒုဥက္ကထဖြစ်သူ Taeyong၏Sweetyကိုအပြက်ရှင်းပြီး J Groupကိုလက်ဝါးကြီးအုပ်မည်ဖြစ်သည်။Kim TaehyungကStick Fileပေးမည်ကိုအတိအကျတွေးမိထားတာမို့ Mr.Hwangကလောဘကြောင့်ဈာပနအစီစဉ်ကိုသွားမှာသေချာသည်။ထိုအစီစဉ်ဖြစ်မြောက်အောင် အရောက်ပို့ခဲ့သူမှာတော့Min Yoongiဆိုသည့် နတ်ဆိုးတစ်ပါးပါပဲ။

ᴅᴀᴅᴅʏ [ ꜱᴛᴇᴘꜰᴀᴛʜᴇʀ ] | Completed Where stories live. Discover now